Part 31(unicode)

22.2K 1K 19
                                    

အမုန်းဖွ့ဲချစ်ခြင်း❣️31

"သားတို့"

"ဗျာ ဒယ်ဒီ"

"ဒေါ်ကြီးတင်ကိုပဲအဝတ်စားလဲခိုင်းတော့နော်အကြာကြီးဆော့မနေနဲ့
ဒယ်ဒီ သားတို့ပါးကိုသိပ်လိုက်အုံးမယ်
ပါးက ဗိုက်ထဲမှာကလေးလေးရှိတော့ ဂရုစိုက်ရမယ်နော်"

"ဟုတ်ဒယ်ဒီ"

တစ်လမ်းလုံးအိပ်လိုက်သည့် ကလေးက ရန်ကုန်ပြန်ရောက်သည်အထိမနိုးသေး။
ကားပေါ်က အကုန်ဆင်းသွားမှ ကလေးကိုအသာလေးပွေ့ချီခဲ့ရသည်။

"အင့်......ဟင့်"

"ကျွတ် ......ကျွတ်......အိပ်အိပ်ကလေး
ကိုယ်ရှိတယ်"

လူးလွန့်လာသည့်ကလေးလေးမနိုးစေရန်
ဖြေးဖြေးချင်းအပေါ်ထပ်တက်ခဲ့ရသည်။
အခန်းတံခါးကိုကိုယ်လုံးနှင့်တိုက်ဖွင့်ကာဝင်ခဲ့လိုက်ရသည်။

အရုပ်လေးလိုအိပ်မောကျနေသည့်ကလေးကို
ခုတင်ပေါ်တင်ပေးလိုက်တော့ စက်အကျီ ၤရင်ဘတ်ကိုပြန်ဆွဲထားပြန်သည်။
ဘေးမှာဝင်လဲကာ ပေါင်လေးပုတ်သိပ်လိုက်မှအကျီ ၤစကိုဆုပ်ကိုင်ထားသည့်လက်ကလေးက ဖြေးဖြေးချင်းလျော့သွားသည်။

အခန်းကိုအပူအအေးသေချာငြိပေးပြီး အဝတ်စားလဲဖို့ပြင်လိုက်သည်။
ဆံပင်လေးကိုဖုံးနေသည့် နှဖူးပြင်လေးကြောင့်
လက်တွေက ထိုဆံစတို့ကိုသပ်တင်ပေးမိပြန်သည်။
ပြေပြစ်သည့်နှဖူးပြင်အားမြတ်နိုးလွန်းစွာနမ်းမိတော့ ကိုယ်ငွေ့နွေးနွေးကို ခံစားမိသည်။
ကလေးလေး ဖျားတော့မယ်ထင်သည်။

အဝတ်စားအမြန်လဲကာ ကလေးအတွက်ဆန်ပြုတ်ပြုတ်ရန် မီးဖိုချောင်ထဲဝင်လာခဲ့သည်။
နိုးလာရင် ကလေးဗိုက်ဆာနေတော့မှာ။
ဖျားသွေးဝင်ချင်နေတော့ တခြားလဲကျွေးလို့အဆင်မပြေနိုင်။

"သူဋ္ဌေး ဘာလုပ်ချင်လို့လဲ
ဒေါ်ကြီးတင်လုပ်ပေးမယ်လေ"

"ဆန်ပြုတ်လုပ်မလို့ဒေါ်ကြီးတင်
ကလေးအတွက်လေ ဖျားတော့မယ်ထင်တယ် ကလေးက"

"ပေးပေး ဒေါ်ကြီးတင်လုပ်ပါ့မယ်"

"ရတယ် ကျနော်ပဲလုပ်မယ်
ညစာအတွက် အပြင်ကပဲမှာလိုက်တော့ဒေါ်ကြီးတင် ဘာမှလဲအဆင်သင့်မရှိတော့ ချက်မနေနဲ့"

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now