Part 1(unicode)

72.9K 3.4K 71
                                    

အမုန်းဖွဲ့ချစ်ခြင်း❤️ 1

မနက်ခင်းတစ်ခုသည်လဲ အခါတိုင်းနေ့ရက်တွေလိုပဲသာယာနေခဲ့သည်။
ကုမ္မဏီကိုသွားဖို့ပြင်ဆင်နေတုန်း အခန်းထဲကို လှုပ်တုပ်တုပ်နှင့်ဝင်လာသည့် သားနှစ်ယောက်ကြောင့် ကြယ်သီးတပ်လက်စအကျီ ၤကို ရပ်ထားပြီး သားနှစ်ယောက်ကို တစ်ဖက်စီကောက်ချီလိုက်သည်။

"ဒယ်ဒီ့သားတွေ နိုးတာကြာပြီပေါ့
ဒယ်ဒီကိုတောင် မနှိုးကြဘူးကွာ"

2နှစ်အရွယ်သာရှိသေးသည့် သားနှစ်ယောက်က အခုထိ စကားကိုမပီကလာတောင်မပြော။
တခြားကလေးတွေဆို 2နှစ်အရွယ်မှာ စကားအတော်ပြောနေကြပြီဖြစ်သည်။

"ကို သားတွေကိုပြီးမှချီ အကျီ ၤအရင်ဝတ်အုံး
ရေချိုးထားတာ အအေးမိနေလိမ့်မယ်"

"အင်းပါ အသက်ရယ်"

အသက်။
စက်ရှိန်သာဆိုသော ကျနော်၏အသည်းအသက်။
မြတ်နိုးသက်ဟူသောအမည်နှင့်လိုက်ဖက်အောင်ပင် အသက်ဟာမြတ်နိုးဖွယ်ရာကောင်းလှသည်။
သားတို့၏မိခင်သူမဟာ စက်အတွက်တော့ နှစ်ယောက်မရှိနိုင်သော ဇနီးကောင်းတစ်ယောက်ပင်ဖြစ်သည်။

"သက် ကလေးတွေခေါ်သွားနှင့်မယ် ကိုလဲဆင်းခဲ့တော့ မသွားခင် မနက်စာစားသွား
မဟုတ်ရင် ကိုစားဖြစ်မှာမဟုတ်ဘူး"

"အင်းပါအဖွားကြီးလေးရယ်
သားတို့မွေးကတည်းက ကို့ကိုအရင်လိုဂရုမစိုက်တော့ဘူးနော် အသက်မရိုးတော့ဘူး"

"ပေါက်ပေါက်ရှာရှာ သက်ကမရိုးတာဘာမှမရှိဘူး ကို့ကိုလဲ ဟိုးအရင်ကလိုပဲချစ်တယ်"

"ဟော ဘယ်သူကချစ်လားမေးလို့လဲ ဂရုမစိုက်ဘူးပဲပြောတာကို ဟား...ဟား......အသက်က ဘယ်လောက်တောင်ဖြေချင်နေတာလဲကွာ"

"ကိုနော်...မစနဲ့ "

"အဲ့ဒါဆို ကို့ကိုအရင်လိုဂရုစိုက်လေ
မဟုတ်ရင် သားတို့ရှေ့ဖက်နမ်းမှာနော်"

"ဟာ ကိုနော်"

နီရဲသွားသည့် မျက်နှာလေးကိုကြည့်ကာ
ချစ်မဝနိုင်ဖြစ်ရသည်။
ဘယ်တော့မဆို နမ်းမယ်ပြောတိုင်း နီရဲသွားတက်သည့် မျက်နှာလေးက စက်အတွက် လပြည့်ဝန်းလေးလိုပင်။

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now