Part 26(Zawgyi)

18.8K 1.5K 63
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️

ဦးစက်အိပ်ပျော်သွားမှ ဟန်လေးအခန်းထဲကပြန်ထွက်ခဲ့သည်။
အပေါ်ထပ်မတက်ခင်ကအထိရှိနေသော သွေးတွေဟာလဲ အခုတော့ ဘာမှမရှိတော့။
အနည်းငယ်ရှုပ်ထွေးမှုတွေရှိသွားသော အိမ်လေးက အခုတော့လဲတိတ်ဆိတ်လို့။
အင်း......အားလုံးပုံမှန်ပြန်ဖြစ်သွားပြီလို့ဆိုရမလား။
မုန်းတိုင်ငြိမ်လို့ လေပြည်ကျပြီပြောရမလား။
ဘယ်လိုပဲဖြစ်ဖြစ် ဟန်လေးရင်ထဲမှာအေးချမ်းမှုလေး ဝင်ရောက်လာတာတော့ ဝန်ခံသည်။

"ဒေါ်ကြီးတင် ကျနော်ပါ စကားခဏပြောလို့ရမလား"

လောလောလတ်လတ်ဖြစ်သွားတဲ့ကိစ္စကြောင့်
ဒေါ်ကြီးတင်ကို နားစေချင်သော်လည်း
မပြောမပြီးတာမို့ မေးစရာရှိတာကိုတော့မေးရအုံးမည်။

"ဒေါ်ကြီးတင် လာခဲ့မယ်ဟန်လေး"

ဟန်လေးဧည့်ခန်းမှာပဲထိုင်စောင့်နေလိုက်သည်။
ခဏကြာတော့ အအေးခွက်လေးနှင့်အတူဒေါ်ကြီးတင်ရောက်လာသည်။

"ထိုင်ပါဒေါ်ကြီးတင်"

ဒေါ်ကြီးတင်ကမထိုင်ဘဲ ရပ်နေတာမို့ပြောလိုက်သည်။

"ဟန်လေး......ဒေါ်ကြီး...ဒေါ်ကြီးတင် အနူးညွှတ်တောင်းပန်ပါတယ်ကွယ်"

"ကျနော့်ကိုခေါင်းရိုက်ခဲ့တဲ့အတွက်လား
ဒါမှမဟုတ် မမကိုသေစေဖို့ ကူညီခဲ့မိတဲ့အတွက်လား"

"ဒေါ်ကြီး...အဲ့လိုလုပ်ဖို့တကယ်မရည်ရွယ်ခဲ့ပါဘူးကွယ် မဖြစ်မနေအခြေအနေကြောင့် ရွေးချယ်စရာမရှိလို့ လုပ်လိုက်ရတာပါ တောင်းပန်ပါတယ်ဟန်လေးရယ်"

"ခိုင်လုံတဲ့အကြောင်းပြချက်သာပေးရင်
ကျနော်ဒေါ်ကြီးတင်ကိုခွင့်လွတ်ပေးမှာပါ"

"သူကခိုင်းလို့လုပ်ခဲ့ရတာပါဟန်လေး
အရင်တုန်းက ဒေါ်ကြီးအဲ့မိန်းကလေးကို သေချာတောင်မသိပါဘူး ဒေါ်ကြီးသမီးနဲ့ပတ်သက်ပြီးမှသိခဲ့တာပါ အဲ့မိန်းကလေးနဲ့ထိုင်းမှာအတူတူနေတဲ့တစ်ယောက်က ဒေါ်ကြီးသမီးပါ
သမီးက အမြဲပြောလို့ သူ့နာမည်ကိုရင်းနီးနေခဲ့ပါတယ် နောက်တော့ သူက သက်ရဲ့ညီမလေးဖြစ်ကြောင်းပြောပြီး ဒီအိမ်မှာ ဘယ်လိုအခြေအနေရှိလဲဆိုတာတွေအမြဲမေးတယ်
သဘောရိုးထင်လို့ ဒေါ်ကြီးက အားလုံးပြောပြဖြစ်တာ ဟန်လေးဒီအိမ်ရောက်တာတွေရော
သူ့အမေလာပြီး သက်ကိုရန်လုပ်တာရော အစုံပါပဲ"

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now