Part 18(unicode)

30.2K 1.6K 8
                                    

အမုန်းဖွဲ့ချင်းခြင်း❣️18

အချစ်ဆိုတာဘယ်လိုမျိုးလဲဟန်လေးမသိဘူး။
ဟန်လေးသိတာ တစ်ခုပဲဦးစက်ကိုချစ်တယ်။

ပထမဆုံးချစ်ဖူးတယ်။
အဲ့ဒီလူဟာဦးစက်ပဲ။

ဦးစက်စီကအချစ်ကိုပြန်မျှော်လင့်လား။
မျှော်လင့်တာပေါ့။
ဟန်လေးလဲလူပဲ။
ကိုယ်ချစ်သလို ကိုယ့်ကိုပြန်ချစ်စေချင်တယ်။
မရမကတော့ မယူချင်ဘူး။
ပေးသူဟာ သူ့သဘောနဲ့သူပေးလာတာကိုပဲလိုချင်တာ။

ကိုယ်ချစ်တဲ့သူဟာတခြားတစ်ယောက်ရဲ့ဟိုးကတည်းကဆိုင်သူဆိုတာ သိသိကြီးနဲ့ ဇွတ်အတင်း ပြန်ချစ်ပေးပါတောင်းဆိုလို့မှမရဘဲ။

ဘယ်အချိန်ထိလဲ။
တစ်နှစ်လား။နှစ်နှစ်လား။
ဒါမှမဟုတ်ငါးနှစ်။
အနှစ် နှစ်ဆယ်။
နောက်ဆုံးအချိန်ထိလား။
ရတယ် ဘယ်လောက်ကြာကြာဟန်လေးစောင့်နိုင်တယ်။

မချစ်သေးဘူး။
ဒါပေမဲ့ အရင်ကလောက် မစိမ်းကားတော့ဘူး။
မတင်းမာတော့ဘူး။
အရင်ကလောက် မမုန်းတော့ပါလားဆိုတဲ့အသိနဲ့တင် ဟန်လေးကျေနပ်နေပြီ။

ဟန်လေးအပေါ်အရင်လို ကြမ်းတမ်းတဲ့အပြုအမူတွေမလုပ်တော့ဘူး။
ဟန်လေးအလိုမတူရင် အသားကိုတောင်မထိတော့တဲ့အထိ ဦးစက်ပြောင်းလဲလာပြီ။

အရင်လို အလိုမကျတဲ့အကြည့်တွေနဲ့လဲမကြည့်ဘူး။
လေသံမာမာနဲ့လဲမပြောတော့ဘူး။
ဂရုစိုက်မှုတွေရှိလာတယ်။
ပင်ပန်းရင် အိမ်အလုပ်တွေလုပ်ဖို့ အိမ်အကူခေါ်တဲ့အထိ ဟန်လေးအတွက်တွေးပေးလာတယ်။
ကုမ္မဏီမှာလဲ အလုပ်ဝင်ခိုင်းတယ်။
ကျောင်းပြန်တက်ချင်ရင် စီစဉ်ပေးမယ်လို့လဲပြောတယ်။

အဲ့ဒါတွေ အကုန် အိပ်မက်မဟုတ်ဘူး။
တကယ်လက်တွေ့ဖြစ်နေတာ။
ဟန်လေးတောင်အခုထိမယုံလို့ ကိုယ့်ဘာကိုဆွဲစိတ်ကြည့်နေရတာ နေ့တိုင်းပဲ။

ချစ်လို့လား။
ဟန်လေးကို ပြန်ချစ်တော့မှာမို့လား။
မမေးရဲဘူး။
မေးလိုက်ရင် ရမဲ့အဖြေက ဝမ်းနည်းစရာဖြစ်နေမှာစိုးလို့။
ဒီအတိုင်း တိတ်တိတ်လေးနေပြီး စောင့်နေတာပဲကောင်းတယ်မဟုတ်လား။

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now