Part 11(unicode)

23.4K 1.6K 37
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️11

အချိန်လဲအနည်းငယ်ကုန်ဆုံးလို့ ဟန်လေးကျောင်းတက်ရမဲ့နေ့လဲရောက်လာခဲ့သည်။
မမလဲ အရင်ကလို သွက်သွက်လက်လက်ပဲပြန်ဖြစ်လာခဲ့သည်။
မမ မိသားစုကလဲ ထပ်ပြီးအိမ်ကိုရောက်လာမျိုးတော့မရှိ။

"ဟန်လေးရေ ဖိုက်တင်းနော်"

"ဟုတ် မမ"

ကားပေါ်တက်ခါနီးသည့်တိုင် နှုတ်ဆက်လို့မပြီးသည်မို့ စောင့်နေရတဲ့လူကပဲစိတ်လျှော့ထားရသည်။

"အသက်ရယ် အဲ့ပေါက်စကို ကိုယ်သေချာလိုက်ပို့ထားခဲ့မှာပါ ကလေးလဲမဟုတ်ပါဘူး
ဖိုက်တင်းပြောတာတင် ဒီမနက် 8ခါရှိနေပြီ"

"ကိုကလဲ ဟန်လေးက ရန်ကုန်မှာ အခုမှပထမဆုံးကျောင်းတက်မှာလေ အားငယ်နေမှာစိုးလို့ပါ"

"ဘာမှမဖြစ်ဘူး ကျောင်းမှာကို့သူငယ်ချင်းလဲရှိတယ် သူ့ကိုသေချာအပ်ထားခဲ့မှာ"

"အင်းပါ ဟန်လေးနေ့လည်စာဝယ်စားနော်
မမမုန့်ဖိုးထည့်ပေးထားတယ်"

"ဟုတ် မမ ဝယ်စားလိုက်ပါ့မယ်"

ပထမရက်မို့ အူကြောင်ကြောင်ဖြစ်နေမည်ဟုဆိုကာ မမက ဟန်လေးကိုကျောင်းပို့ပေးဖို့ ဦးစက်ကို နားချထားရခြင်း။
မမနဲ့ပိစိတွေကိုလက်ပြပြီးကားပေါ်တက်ထိုင်လိုက်သည်။

"ဒီနေ့ကားပေါ်မှရောက်ပါ့မလားလို့"

"ဟီး ရပြီဦးစက်"

ဦးစက်ကဘာမှမပြောတော့ဘဲ ကားကိုဖြေးဖြေးချင်းထွက်သည်။
ကျောင်းကဘယ်စီမှန်းဟန်လေးမသိ။
ကျောင်းကိစ္စတွေ ဦးစက်စီစဉ်ပေးထားတယ်လို့ပဲသိရသည်။
အပြင်လဲ သိပ်မထွက်တာမို့ လမ်းတစ်လျှောက်
မြင်ကွင်းတိုင်းက ဟန်လေးအတွက်တော့ ဆန်းကျယ်နေခဲ့သည်။

"ကျောင်းမှာ တောသားလို အူလည်လည်လုပ်မနေနဲ့ မင်းကိုရောင်းစားသွားကြလိမ့်မယ်"

"ဟုတ် ဦးစက် ဟိုလေ…"

"ဘာလဲ"

"ဦးစက်က ဟန်လေးကိုပို့ပြီး တန်းပြန်မှာလားဟင်"

"မပြန်ပါဘူး ကိုယ့်သူငယ်ချင်းနဲ့တွေ့ပေးခဲ့မယ်မင်းကို ဒါမှ နည်းနည်းရှိန်အောင်လို့"

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now