Part 27(unicode)

20.5K 1K 11
                                    

အမုန်းဖွဲ့ချစ်ခြင်း❣️27

"ဒါဆို ကျနော်တို့ပြန်တော့မယ်အဒေါ်"

"အေးပါကွယ် မြေးလေးတွေကိုလဲ
သတိရတယ်လို့ပြောလိုက်ပါအုံး
အဒေါ်ကတော့ မြေးလေးတို့ကိုလာတွေ့နိုင်မယ်မထင်ပါဘူးကွယ်"

"နေကောင်းလာမှာပါအဒေါ်
သားတို့ကျောင်းပိတ်တဲ့အခါ ကျနော်ခေါ်လာပေးပါ့မယ်"

"အေးအေး"

အသက်အမေကို ကလေးနဲ့အတူလာတွေကြတာဖြစ်သည်။
အဒေါ်လဲတော်တော်လေးတော့ စိတ်ထိခိုက်သွားပုံရသည်။
သမီးနှစ်ယောက်လုံး ဆုံးရှုံးလိုက်ရတဲ့အပြင်
နောင်တလဲရနေချိန်ဆိုတော့ လူကဘယ်လိုမှမဟန်တော့။
ဆေးရုံစရိတ်အတွက် ထောက်ပံ့ထားခဲ့ပြီး
ပြန်လာခဲ့ကြသည်။

"ဦးစက်ဒါရိုက်ဘာနဲ့ပဲအိမ်ပြန်လိုက်တော့နော်
ဟန်လေးသွားစရာရှိလို့"

"ဟင် ကလေးကဘယ်သွားအုံးမှာလဲ
ဧည့်သည်လဲမနက်ကတွေ့ပြီးပြီမဟုတ်ဘူးလား"

"ဟုတ် တွေ့ပြီးပါပြီ အခုက တခြားကိစ္စရှိလို့"

"ကလေးကလဲကွာ နားရက်မှာတောင် ကိုယ့်အနားမနေဘူး အခုကရော ဘယ်လဲ"

"ဦးစက်အတွက် မွေးနေ့လက်ဆောင်စီစဉ်နေလို့"

"ဘာလက်ဆောင်မို့လဲ"

"ကြိုပြောလို့ဖြစ်နေပါ့မလား
ပြန်နှင့်လိုက်နော် လက်ဆောင်ကသေချာပြင်ဆင်ရမှာမို့"

"ပြီးရောကွာ မြန်မြန်တော့ပြန်လာ"

"တစ်နာရီလောက်ပဲကြာမှာ
ပြီးတာနဲ့ taxiနဲ့ပြန်လာခဲ့မယ်
ဒါရိုက်ဘာကို ပြန်နားခိုင်းလိုက်တော့"

"အင်း ဂရုစိုက်သွား
ပိုက်ဆံရောပါရဲ့လား"

"ပါတယ် သွားပြီဦးစက်"

ဆေးရုံကားပါကင်ကနေ ပြေးထွက်သွားသည့် ကလေးကို စက်မမြင်ပေမဲ့ ကျောပြင်သေးသေးလေးနဲ့ လုံးတုံးလေးဖြစ်နေမှာကိုတော့သိသည်။
ဒီကလေးဘာတွေအကွက်ရွေ့နေလဲတကယ်စဉ်းစားမရ။
နောက်နေ့ကစ လူလွှတ်ပြီးစုံစမ်းခိုင်းမှရတော့မည်။
~~~~~~~~~~~

"ဌေးမြင့် ငါ့နှမရယ် ခေါင်းမမာစမ်းပါနဲ့ဟာ"

"အကိုရယ် ကျမလဲသားကိုတွေ့ချင်ပါတယ်
ရွာကိုလဲမခွဲနိုင်ဘူးတော် အကို့တူကလဲ
သွားပါပြီဆိုကတည်းက တစ်ခေါက်လေးမှ မအေကိုလာမတွေ့ဘူး ဘယ်နဲ့ အဲ့လောက်အလုပ်များရသလား"

အမုန်းဖွဲ့ချစ်​​ခြင်း / အမုန်းဖွဲ့ချစ်ခြင်း(Completed)Where stories live. Discover now