အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)

Start from the beginning
                                    

ကျန်းဟွိုင်က ခေါင်းညိတ်လိုက်ကာ -

"အရှင်မင်းမြတ် မိန့်တော်မူတာ မှန်လှပါပေတယ်ဘုရား။ တစ်ဖက်လူက မှောင်ရိပ်ထဲမှာပုန်းနေပြီး ကျွန်တော်မျိုးက အလင်းထဲကနေ လိုက်ရှာနေတယ်၊ ဒီလိုရှာနေတာ အလုပ်သိပ်မဖြစ်ဘူးဆိုပေမယ့် ဒီနည်းကလွဲပြီး တခြားနည်းလည်း မရှိပြန်ဘူးဘုရား"

ထောင်လျဲန်တာနှင့် အခြားမှူးမတ်များကတော့ ဘာမှ ထမပြောဖြစ်။ တော်၀င်စာကြည့်ခန်းထဲရှိ လေထုကပင် အတော် သိပ်သည်းလေးလံသွားသည့်နှယ်။ ဘေးနားက လျိုတာ့ကျုံ့သည်ပင် ' ရူးနေလို့ ဒီလိုအရှုပ်အထွေးထဲ အတင်းတိုး၀င်လာတာလား၊ ငါ့ခေါင်းကများ ပြဿနာရှိနေပြီလား'ဟုပင် သံသယ၀င်စပြုနေလေ၏။ အနည်းဆုံး အမတ်မင်းထောင်မှာတော့ အကြံကောင်းဉာဏ်ကောင်းရှိလိမ့်မည်ဟု သူထင်ထားခဲ့သည်။ သို့သော် ယခုလိုမျိုး မသိ၊ မသိ၊ မသိ၊ မသိရေးချမသိ ၊ သုံးခါမေးလည်းမသိဖြစ်နေမည်ဟု မည်သူက ထင်ထားမည်တဲ့လဲ။

သွမ့်ပိုင်ယွဲ့ကလည်း ကန့်လန့်ကာနောက်ကွယ်တွင်နေရင်း ချူယွမ်အား လှမ်း၍ကြည့်လိုက်၏။

"အဟမ်း"

လျိုတာ့ကျုံ့တစ်ယောက် ချောင်းဟန့်ကြည့်လိုက်သည်၊ အခြေအနေများ အနည်းငယ်ပေါ့ပါးလာမလားပေါ့။ တစ်ခုခုထပြောမည်လုပ်လိုက်စဥ် ချူယွမ်က အရင်ဦးသွား၏။

"တကယ်လို့များ အမတ်မင်းတို့ဘက်က ဘာအကြံအစည်မှမရှိဘူးဆိုရင်တော့..... ဒီကိစ္စကိုဖြေရှင်းပေးနိုင်မယ့် ပုဂ္ဂိုလ်တစ်ယောက် ကျန်သေးတယ်"

မှူးမတ်၀န်ကြီးများမှာ အတော်ပင် ၀မ်းသာရွှင်ပျသွား၏။

"မင်းသား(၉) ကြွရောက်လာမှာလားဘုရား"

မင်းသား(၉)ရောက်လာလျှင် ထိပ်တန်းကျင့်ကြံရေးဂိုဏ်းချုပ် သို့မဟုတ် သူရိယစန္ဒာတောင်စခန်း၏ အကြီးဆုံးသခင်လေးပါ လိုက်ပါလာမည်ဖြစ်သည်။ဂိုဏ်းချုပ်အဖြစ် တင်မြှောက်သည့်ပွဲ မလုပ်ရသေးသောကြောင့်သာ တရား၀င်ဂိုဏ်းချုပ်ဟု မခေါ်နိုင်ကြသေးသော်လည်း ကျင့်ကြံရေးအဆင့်ပညာ၊ စိတ်နေသဘောထား၊ လက်ရုံးစွမ်းရည် နှလုံးစွမ်းရည် ၊  အစစအရာရာ မည်သည့်ရှုထောင့်ကမဆို ချီးကျူးဖွယ် လေးစားဖွယ်ကောင်းနေပေ၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now