အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)

Start from the beginning
                                    

"မင်းရဲ့ဆရာက ဘယ်သူလဲ"

"နန်မော်ယဲ့ပါ ခင်ဗျာ"

နာမည်ကြားရုံနှင့် မေတ္တာကရုဏာရှိတဲ့ သူတော်ကောင်းမဟုတ်မှန်း ရိပ်မိတယ်မလား၊ အာ့ကြောင့် ကျွန်တော့်ကို အတင်းကြီး ဆရာလို့ မခေါ်ခိုင်းပါနဲ့နော်။

အဘိုးအိုက ခေါင်းညိတ်လိုက်ကာ-

"လက်စသတ်တော့ သူ့တပည့်ကိုး၊ အရင်တုန်းက ဒီနာမည်ကို ကြားဖူးနားဝတော့ ရှိပါတယ်"

"တတိယမြောက် အကွက်က ဘာလဲဟင်"

သွမ့်ယောင်က ချက်ချင်း စကားလမ်းကြောင်းလွှဲလိုက်၏။ အင်မတန်မှ ဖြူစင်ရိုးသားပြီး ရွှင်လန်းနေသော အပြုံးတစ်ပွင့်ပါ ပြုံးရင်းနှင့်ဖြစ်သည်။

အဘိုးအိုလည်း ရေလိုက်ငါးလိုက် နေလိုက်ကာ စစ်တုရင်နောက်တစ်ခုယူပြီး ဆက်ပြောလာ၏။

"နောက်တစ်ခုက ​叫星垂平野 (Jiao Xing Chui Pinye)။ ဒီနေရာတွေကလွဲရင် တခြားနေရာတွေအားလုံး အန္တယ်များတဲ့နေရာတွေချည်း"

သွမ့်ယောင်လည်း နားလည်တစ်၀က် နားမလည်တစ်၀က် ခေါင်းအသာညိတ်လိုက်ပြီးနားထောင်နေ၏။

အဘိုးအိုက စစ်တုရင်တစ်ခုကို ယူလိုက်ကာ-

"ဒီည မင်းသင်ရမယ့်အကွက်က ဒါတွေပဲ။ ကဲ.... အခု မင်းအလှည့်"

သွမ့်ယောင်က  ချီတုံချတုံနှင့် စစ်တုရင်တစ်ခုယူလိုက်ကာ အဘိုးအိုရွှေ့ပြသည့်အတိုင်း လိုက်ရွှေ့ကြည့်သည်။ စစ်တုရင်တစ်ခုချင်းစီကို နေရာအတည်တကျ ပြန်စီထားလိုက်သည်။

အဘိုးအိုက ခေါင်းခါ၏။

"မှားနေလို့လားဟင်"

အဘိုးအိုက သွမ့်ယောင်လက်များကို အုပ်ပြီး စစ်တုရင်တစ်ခုပေါ်  တင်ထားစေသည်။

သိဒ္ဓိစွမ်းအင်များ လှည့်လည်စီးဆင်းနေမှုကို သွမ့်ယောင်ခံစားလိုက်ရသည်။ ထိုစစ်တုရင်ကပင် တုန်ခါနေသယောင် ခံစားလိုက်ရ၏။

သွမ့်ယောင် - "....."

"ဘယ်နှယ့်တုန်း"

အဘိုးအိုက ထပ်မေးလာသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now