အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)

Start from the beginning
                                    

"အင်း"

ချူယွမ်က မိမိလက်ကို အသာပြန်ရုတ်သိမ်းလိုက်သည်။

သွမ့်ပိုင်ယွဲ့က ချူယွမ့်နဖူးပေါ် လက်တင်ပြီး ကိုယ်အပူချိန် တိုင်းကြည့်လိုက်သည်။ အင်း၊ နွေးတေးတေးလေးတော့ ဖြစ်နေသည်။

ချူယွမ်က အသာရှောင်တိမ်းလိုက်၏။

"ဘာမှမဖြစ်ဘူးလို့ ဆိုနေ...."

ဒါလောက်လေးဖြစ်ရုံနဲ့ သမားတော် သွားခေါ်မယ်ဆိုလို့ကတော့ ငါ မင်းနဲ့ ချက်ချင်းကွာရှင်းပစ်မှာနော်၊ ကွာရှင်းပစ်မှာနော်၊
ကွာရှင်းပစ်လိုက်မှာနော်လို့။

"အနည်းဆုံး တစ်ခုခုတော့စားပေးမှဖြစ်မယ်၊ မဟုတ်ရင် အဆာလွန်ပြီး မူးလဲသွားလိမ့်မယ်။ ဘာစားမလဲ၊ ကြက်သားခေါက်ဆွဲ စားမလား"

ချူယွမ်က အသာခေါင်းညိတ်ပြလိုက်သည်။ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေသဖြင့် တစ်လက်မမျှတောင် မရွှေ့ချင်ပေ။ ထို့ကြောင့် ရှစ်ဇီထံ ဟိုဟိုဒီဒီမှာရန် ထသွားသော သွမ့်ပိုင်ယွဲ့ကို သလွန်ခေါင်းရင်းအား မှီရင်းသာ လှမ်းကြည့်နေသည်။ထို့နောက် တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် သွမ့်ပိုင်ယွဲ့အား မေးလာ၏။

"ပုရောဟိတ်အမတ်ကြီးရော"

"ရောင်းစားပစ်လိုက်ပြီ"

သွမ့်ပိုင်ယွဲ့က ချူယွမ်ဘေးနား ပြန်လာထိုင်ရင်း ဖြေလိုက်၏။ ချူယွမ် လွှတ်ခနဲ ရယ်မိသွား၏။

"ဟားဟား....သူ့ကို ဘယ်သူက ၀ယ်ချင်မှာတဲ့တုန်း"

"မင်းလည်းသိသားပဲ ၊ အဲ့ဘိုးတော်က လူကို စိတ်တိုအောင် အရမ်းလုပ်တတ်တာ"

သွမ့်ပိုင်ယွဲ့က ပြောရင်းဆိုရင်း ချူယွမ်၏ ၀တ်ရုံ ခါးစည်းကြိုးကို သေချာ ပြန်စည်းနှောင်ပေးလိုက်ကာ ဆက်ပြောလာ၏။

"မနေ့ညက အရမ်းပင်ပန်းသွားပြီ၊ နောက်ထပ် နည်းနည်းလောက် အနားယူလိုက်ဦးလေနော်။ ဒီနေ့တော့ မင်းက်ို ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘူး၊ မနက်ဖြန်လည်း မရဘူး ၊ မိုးမီးလောင်မယ့်ပြဿနာဖြစ်နေရင်တောင် အဲ့ဘိုးတော်နဲ့ ပေးမတွေ့ဘူးကွာ"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now