တက္ကသိုလ်တက်တုန်းက တချို့ကောင်မလေးတွေက လှေကားတွင် ဘာမှမလုပ်ဘဲ ထိုင်နေကာ သူတို့ကောင်လေးပြန်အလာကို စောင့်နေတက်သည်ကို မြင်ဖူးခဲ့ပင်မယ့် ရူးကြောင်ကြောင်လုပ်နေသည်ဟုပဲ သူထင်ခဲ့သည်။

ဘယ်အချိန်ပြန်လာမလဲမသိသည့်သူကို စောင့်နေရသည်မှာ အချိန်ကို အကျိုးမရှိစွာ ဖြုန်းတီးခြင်း တစ်မျိုးပဲမလား?

သို့သော် ဒီနေ့တွင် ရှုချင်းရီက သူ့ကိုအိပ်ပျော်သည့်အထိ စောင့်နေသည်ကို မြင်လိုက်ရသည့်အခါမှာတော့ သူ့ခံစားချက်များမှာ ရောထွေးကုန်တော့သည်။

မကြိုက်ကာ ပျော်သွားခြင်းမရှိပင်မယ့်လည်း သူ့ဒေါသမီးတွေက ဘာဖြစ်လို့ ငြိမ်းသွားရတာလဲ?

ရှုချင်းရီက သူ့ကိုမော့ကြည့်ကာ စောင့်နေတာဟု ဖြေတုန်းက သူ့ရင်ထဲတွင် ဘာကြောင့်မှန်းမသိ ကြည်နူးမိသွားသည်။ ကောင်လေးတွေက သူတို့ကိုစောင့်နေသည့် ကောင်မလေးတွေဆီကို ပျော်ရွှင်စွာ ပြေးသွားရခြင်းကို သူနားလည်လုနီးပါး ဖြစ်သွားလေပြီ။

ကိုယ့်ကိုစောင့်ဆိုင်းနေသည့် တစ်စုံတစ်ယောက်ရှိခြင်းကို တွေးကြည့်ရုံဖြင့်ပင် လူကိုပျော်ရွှင်စေသည်။

ရှုချင်းရီက အိမ်ကိုပြန်ရောက်သောအခါ အပြင်ဘက်တွင် အကြာကြီးအိပ်ခဲ့သောကြောင့် မအိပ်ချင်တော့ပေ။ သူမနိုးကြားနေသောကြောင့် မနက်က သူမနောက်ကျောက တက်တူးကို မော့ဟန်ဓာတ်ပုံရိုက်ပေးမည်ပြောသည်ကို သတိရသွားသည်။

"ဓာတ်ပုံကူရိုက်ပေး"
ရှုချင်းရီက မော့ဟန်အနားကို ပြေးလာသည်။

"ဘာပုံလဲ?"
မော့ဟန်က သူ့ကုတ်အကျီကိုချွတ်ကာ ဆိုဖာပေါ်တွင်ထိုင်ရင်း နားနေသည်။

"မနက်တုန်းက ညီမလေးနောက်ကျောက တက်တူးကို ဓာတ်ပုံရိုက်ပေးမယ် ပြောတယ်လေ"
ရှုချင်းရီက သူမဖုန်းကိုပေးကာ ပြောသည်။

ထိုအခါ မော့ဟန်လည်း မှတ်မိသွားသည်။ သူမဖုန်းကို ယူလိုက်ကာ ထလိုကက်ပြီး ပုံရှင်းရှင်းရရန် သူမကိုအနားကို လက်ပြခေါ်လိုက်သည်။

ရှုချင်းရီက သူ့အနားကိုရောက်လာကာ ကျောပေးရပ်သည်။ သူက သူမအဝတ်ကို ခါးပေါ်အောင်မလိုက်ကာ စကတ်ကိုနည်းနည်းဆွဲချလိုက်ပြီး ထိုတက်တူးကို ထပ်ကြည့်သည်။ ထိုအရာမှာ ယောက်ျားတစ်ယောက်၏ နောက်ကျောအပေါ်ပိုင်းပုံဖြစ်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now