အခန်း - ၄၇ - အဆက်

Start from the beginning
                                    

ချူယွမ်ကလည်း ယုံတစ်၀က်မယုံတစ်၀က်။

သို့သော် ဘာမှ ဆက်မမေးတော့ဘဲ ခါးစည်းကြိုးကိုဖြည်လိုက်ကာ အပေါ်၀တ်ရုံကို ချွတ်ပေးလိုက်သည်။

အပြင်ဘက်ရှိ ရှစ်ဇီကမူ အရှင်မင်းမြတ်က လွန်စွာဆာလောင်နေပြီဖြစ်ကြောင်း လမ်းတစ်လျှောက်လုံး မကြာခဏထထပြောတော်မူလေတော့ နေ့လယ်စာ ယူလာပေးခဲ့ရမလား တွေးတောချိန်ဆနေ၏။ နောက်ဆုံးတော့ အခြေအနေကို အကဲခတ်ရန် အခန်းထဲ တစ်ချက် ချောင်းကြည့်လိုက်တော့ မြင်လိုက်ရသောမြင်ကွင်းကို အင်မတန်မှ လန့်ဖျတ်သွားရာ ချက်ချင်း နောက်ပြန်လှည့်လိုက်ရလေသည်။

ထို့နောက် အနီးအနားရှိ ရံရွှေတော်များ ၊ ကိုယ်ရံတော်စစ်သည်များသာမက လက်ဖက်ရည်လာရောက်ဆက်သပေးသော အမှုထမ်းများကအစ နှင်ထုတ်ထားလိုက်ပြီး အထူးသက်တော်စောင့်များကိုလည်း မည်သည့်အကြောင်းကြောင့်မဆို မည်သူ့ကိုမှ ၀င်ခွင့်မပြုရဟု ရှစ်ဇီ မှာကြားထားလိုက်လေသည်။

ချူယွမ်၏ ဖြူ၀င်းနူးညံ့လှသော ကျောပြင်တစ်လျှောက် သွမ့်ပိုင်ယွဲ့က လက်ချောင်းများဖြင့် တစ်လက်မချင်း ဖြည်းဖြည်းချင်းစီ လိုက်လံစမ်းသပ်ထိတွေ့နေ၏။ ချူယွမ်ဘက်က မင်းဘာတွေလုပ်နေတာလဲဟု မေးမည်အပြု၊ ချက်ချင်းဆိုသလို ဆစ်ခနဲ အောင့်တက်လာသည့် ဝေဒနာကို ခံစားလိုက်ရသည်။

"အ....."

သွမ့်ပိုင်ယွဲ့လည်း ရပ်လိုက်ကာ ထိုနေရာနား တစ်ချက် ပြန်စမ်းကြည့်လိုက်ရာ တကယ်ပင် အဖုသေးသေးလေးတစ်ခုရှိနေသည်။ သေချာစမ်းမကြည့်လျှင် သတိမထားမိလောက်။

"မင်း ငါ့ကို အပ်နဲ့လာစိုက်နေတာလားဟမ်"

သွမ့်ပိုင်ယွဲ့က ချူယွမ့်အား ၀တ်ရုံပြန်ကူ၀တ်ပေးလိုက်ကာ-

"ကိုယ်ပြောပြတာနားထောင်ပြီး လန့်မသွားနဲ့ဦး။ ဘာမှ ကြီးကြီးမားမား ကိစ္စမဟုတ်ဘူး။ ယောင်အာနဲ့ ရှစ်ဖူးရောက်လာရင် ဒီပိုးကောင်ကို ထုတ်ပေးနိုင်ပါတယ်"

ချူယွမ်မျက်နှာပြင်ထက် နားမလည်နိုင်ခြင်းများစွာ လျှပ်ပြေးသွား၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now