အခန်း - ၄၆ (ပညာရှိတစ်ဦး)

Start from the beginning
                                    

"မင်း တစ်နေ့လုံး ဘာမှ မစားရသေးဘူးလား"

"အင်း "

"......."

"မင်းကို တစ်ချိန်လုံး စောင့်နေခဲ့တာ။မင်းဆီ ကပ်စားရရင် ထမင်းဖိုး သက်သာလို့လေ"

ချူယွမ် ရယ်ချင်သော်လည်း မရယ်ရက်ဘဲ နောက်ထပ် ပေါက်စီတစ်လုံးကိုပါ လှမ်းထည့်ပေးလိုက်သည်။

သို့နှင့်နှစ်ယောက်သား စားသောက်ပြီးနောက် အခန်းထဲ ခေတ္တနားနေလိုက်ကြသေးသည်။ မိုးချုပ်သွားတော့မှ မြင်းတပ်စခန်း၏ အနောက်တံခါးမှတစ်ဆင့် အပြင်ထွက်လာကြကာ နတ်ကွန်းရှိရာသို့ အေးအေးလူလူ နှစ်ကိုယ်တူယှဥ်တွဲပြီး လျှောက်လှမ်းသွားကြသည်။ ဘယ်နေရာမှာတည်ရှိမှန်း လမ်းမေးကြည့်စရာမလို၊ လမ်းပေါ်က လူတန်းကြီးအတိုင်း လိုက်ပါ လျှောက်လှမ်းသွားရုံပင်။ ယနေ့ညမှာတော့ ယွဲ့လောင် ဖူးစာရေးနတ်ကွန်း၏ လူအစည်ကားဆုံးပွဲနေ့ဖြစ်နေလေရာ မည်သူမဆို ဖူးစာဖက်ကိုတောင်းခံကြရန် လာရောက်ပူဇော်ကြသည်လေ။

"ဟိုရှေ့ကဟာပဲနေမယ်။ ဒါပေမယ့် အခြေအနေကြည့်ရသလောက်တော့ လူကြားထဲ တိုးလို့တောင်ရမလား မပြောတတ်တော့ဘူး"

ထိုစကားကိုကြားတော့ ချူယွမ်က ခြေလှမ်းများကို ရပ်တန့်လိုက်ကာ -

"ဒါဆိုလည်း နေပါစေ၊ ဒီကနေပဲ ကြည့်ကြရအောင်။ ဘယ်ကနေပဲ ပူဇော်ပူဇော် ၊အတူတူပဲ နေမှာပါ"

သို့မဟုတ်ပါက ယောကျ်ားရင့်မာကြီးနှစ်ယောက် လူကြားထဲအတင်းတိုးပြီး ဖူးစာဖက်သွားတောင်းနေကြမည်ဆိုလျှင် အတော်လေးပင် အမြင်မတော် ။ သူတို့ကို မှတ်မိမည့်သူ မရှိသော်လည်း အနည်းနဲ့အများတော့ ထူးထူးဆန်းဆန်း အကြည့်ခံရမည်မှာ မလွဲပေ။

သွမ့်ပိုင်ယွဲ့လည်း ခေါင်းညိတ်လက်ခံလိုက်ကာ ချူယွမ်လက်အား ယှက်နွယ်ဆုပ်ကိုင်လိုက်ပြီးနောက် -

"အင်း ၊ ဘာမှမဖြစ်ပါဘူး။ နည်းနည်းတော့ အလှမ်းဝေးပေမယ့် ကြားသင့်ကြားထိုက်တဲ့ ဆုတောင်းစကားဆိုရင် နတ်ကွန်းအရှင်က ကြားရမှာပါ...."

ချူယွမ်က ဘာမှ ပြန်မဖြေသော်လည်း ပြုံးမြဲပြုံးနေကာ ရှေ့က နတ်ကွန်းကိုသာ ငေးကြည့်နေလေ၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now