အခန်း - ၄၃ - အဆက်-

Start from the beginning
                                    

"ချောင်ယာကျွန်းက ဖျက်ဆီးခံလိုက်ရပါပြီ အရှင်"

ချူယွမ် မျက်မှောင်များ အနည်းငယ်ကျုံ့သွား၏။

"ဘာအကြောင်းကြောင့်လဲ"

"ကျွန်းပေါ်မှာ ရှောင်ထျဲန်းလို့ခေါ်တဲ့ လူတစ်ယောက်ရှိပါတယ်။ သူက နန်ယန်ကဓားပြတွေနဲ့ ပေါင်းပြီး ကျွန်းပေါ်က လူတွေအားလုံး တစ်ယောက်မကျန် လာသတ်ခိုင်းပါတယ်။ နောက်ဆုံးတော့ သူကိုယ်တိုင်တောင်မှ အသတ်ခံလိုက်ရပါတယ်။ ကျွန်တော်မျိုးမတို့တောင်မှ ကံကောင်းလွန်းလို့သာ အသက်ဘေးက လွတ်မြောက်ခဲ့တာပါဘုရား"

"အကြောင်းရင်းက...."

"အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ ခုနစ်နှစ်ရှစ်နှစ်ကတည်းက စခဲ့ပါတယ်ဘုရား၊ ကျွန်းပေါ်က လူတွေဟာ တောင်ပိုင်းနဲ့မြောက်ပိုင်းဆိုပြီး ကွဲကုန်ပါတယ်။ ရှောင်ထျဲန်းက မြောက်ပိုင်းသားပါ။ ကျွန်တော်မျိုးမတို့ရဲ့ တောင်ပိုင်းကလူတွေ တစ်စတစ်စ အာဏာ
ကြီးလာတာကို သူ မရှုစိမ့်နိုင်တာမို့ အကြံဆိုးတွေ ကြံစည်လာခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အသုံးချခံဖြစ်သွားမှန်း သူ့ကိုယ်သူတောင် မသိလိုက်ပါဘူး။ တောင်ပိုင်းကလူတွေ အားလုံးလည်း သေပြီးရော ၊ မြောက်ပိုင်းကလူတွေလည်း အသတ်ခံရတဲ့ ဘေးကနေ မလွတ်ခဲ့ဘူး။ တစ်ကျွန်းလုံးပေါ်မှာရှိတဲ့ မိသားစုရာကျော်ထဲမှာမှ ကျွန်တော်မျိုးမတို့ ဆယ်ယောက်ကျော်လောက်ကပဲ သေဘေးကနေ လွတ်မြောက်လာခဲ့တာပါ"

"အဲ့ဒီ နန်ယန်ဓားပြတွေကရော အခုဘယ်မှာလဲ"

"ကျွန်းပေါ်မှာပဲ ရှိနေလောက်ပါတယ်ဘုရား"

"ကျွန်းပေါ်မှာ တကယ်ပဲ ရွှေငွေရတနာသိုက်တွေ ရှိနေတာလား"

ချူယွမ်က သူမအား စိတ်၀င်စားစွာ ကြည့်ရင်းမေးလာ၏။ ထိုအမျိုးသမီးက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးခါမှ -

"ရှိပါတယ်ဘုရား။ ဘယ်နားမှာရှိမှန်းသာ မသိရတာပါ"

ချူယွမ်က ခေါင်းညိတ်လိုက်ကာ သူမအား ဆက်ပြောစေ၏။

"ချောင်ယာကျွန်းက မြေအောက်တစ်နေရာမှာ ရတနာတွေကို ဖွက်ထားခဲ့တာဆိုပြီး ရှေးလူကြီးတွေ အစဥ်အဆက် မှာခဲ့တာကို ကြားဖူးရုံပါပဲဘုရား။ နှောင်းလူတွေကလည်း အဲ့ဒီ ရတနာသိုက်ကို အမြဲတမ်း လိုက်ရှာနေကြတာပဲ၊ သဲလွန်စလေးတောင်မှ ရှာမတွေ့သေးကြောင်းပါ အရှင် "

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now