အခန်း - ၄၄ (ယွီ့ကွမ်းတောင်မှ ပြန်လာခြင်း)

Começar do início
                                    

" အရင်ဆုံး ယောင်အာ စိတ်ဆိုးပြေတဲ့အထိ ဆက်ချော့လိုက်ပါဦး၊ ပြီးမှ ကျွန်တော်တို့နှစ်ယောက်လည်း စစ်သူကြီးရှန်အကြောင်း ဆက်ပြီး ဆွေးနွေးကြတာပေါ့ "

နန်မော်ယဲ့ - "....."

ဟေ့ကောင်၊ ဒီကိစ္စက အကြောင်းအရာ တစ်ခုတည်းပဲမဟုတ်လား ။ မင်းက ဘာကိစ္စ ငါ့ကို နှစ်ခါပြန်ကြီး သမမှာလဲလို့။

"အင်း၊ ဒါနဲ့ ယွီ့ကွမ်းတောင်သွားတော့ ဘာတွေ့ခဲ့သေးလဲ"

"ဘာမှမတွေ့ဘူး? "

ဤအကြောင်းကိုစပြောတော့ နန်မော်ယဲ့လည်း ခေါင်း အဆက်မပြတ်ခါလိုက်ကာ ဆက်ဆို၏။

"ဘယ်ကနေများ အဲ့လိုကောလာဟလမျိုး လွှင့်လိုက်ကြမှန်း မသိပါဘူးကွာ။ ငါတို့တွေလည်း ယွီ့ကွမ်းတောင်ကိုသွား၊ ချဲန်းဟေဟွမ်ကိုသုံးပြီး ယန္တရားတွေကို ​ကျော်လွှားနိုင်ခဲ့တာပဲ။ နောက်ဆုံးတော့ နေရာတကျရှိနေတုန်းဖြစ်တဲ့ လန်ယီကျန့်ရဲ့ သစ်သားအခေါင်းကြီးကို တွေ့လိုက်ကြတယ်ကွ။ အခေါင်းကို ဆယ့်ရှစ်ချက် ရိုက်နှက်ထားတဲ့နေရာကလည်း ပကတိအတိုင်း မပျက်မစီးပဲ၊ ဖုန်တွေတက်နေတာ လက်ညှိုးတစ်ချောင်းစာလောက်တောင် ထူတယ် ။ သေရာကနေပြန်ရှင်လာတဲ့ အရိပ်အယောင် တစ်ခုမှမရှိဘူး"

"အခေါင်းတစ်ခုတည်းကပဲ မပျက်မယွင်းလား။ အထဲက အလောင်းရော....."

"အလောင်းလည်း ရှိနေတုန်းပဲ၊ အရိုးပြိုင်းပြိုင်းပဲ ကျန်တော့တာ ဖွေးနေရောပဲ၊ ဓားဒဏ်ရာရဖူးတဲ့ အမှတ်အသားတွေတောင် တွေ့ရသေး။ချိုးကျီနဲ့ ထိပ်တိုက်ယှဥ်ပြိုက်တုန်းက ရခဲ့တဲ့ ဒဏ်ရာပဲနေမှာပေါ့.....။ ကွာ....နေရင်းထိုင်ရင်း သေသွားတဲ့လူကိုတောင် သွားနှောင့်ယှက်လိုက်ရသေး။ သူ့အခေါင်းကိုပြန်ပိတ်ပြီး တောင်ခြေလည်းရောက်ရော၊ င့တို့လည်း သံဃာတော်တွေကို ပင့်ပြီး သုံးရက်လောက် ပရိတ်ရွတ်ပြီး အမျှဝေပေးလိုက်ရတယ်"

သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ -

"​အို၊ ရှစ်ဖူးမှဟုတ်ရဲ့လား။ သူများ အခေါင်းကိုပါ သေချာပြန်ပိတ်ပြီး သံဃာတော်တွေပါရှာ၊ ပြီးတော့ အမျှဝေပေးတယ် ၊ဟုတ်လား"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Onde histórias criam vida. Descubra agora