FOD Extra_1_Chapter(1-4) (Zawgyi+Unicode)

Start from the beginning
                                    

FOD Extra_1_Chapter(1-4) (Zawgyi+Unicode)

အိမ်တော်ထိန်းက သူ့ရဲ့မေးခွန်းတွေကြောင့်  မကျေမနပ်ဖြစ်သွားပုံရပြီး အေးစက်စက်ဖြေလိုက်သည်။

" မင်း သန့်စင်ပြီးရင် သခင်မလေးကိုတွေ့လိမ့်မယ်။ ရေချိုးခန်းထဲက ပစ္စည်းတွေဘယ်လိုသုံးရမလဲ သိလား။ မသိရင် ငါသင်ပေးခဲ့မယ်"

သူ့အကြောင်းကို သူတို့စုံစမ်းပြီးသားဖြစ်လိမ့်မည်ဆိုတာ ကျိုးယွင်ရှန့် သိသည်။ သူက မျက်နှာနီသွားပြီး ခေါင်းရမ်းပြလိုက်သည်။ ရှောင်လျှို ရွာမှာ ရေပူမရှိရှာပေ။ တစ်လကို ရေပူနဲ့ ၃ခါလောက်ချိုးရတယ်ဆိုရင် စည်းဇိမ်ကြီးတစ်ခုဖြစ်နေပြီ။ ဒါကြောင့် သူက ခေတ်မီ ရေချိုးခန်းသုံး ပစ္စည်းတွေကို ဘယ်လိုလုပ် သုံးတတ်မှာလဲ။

ဖူဘိုရဲ့မျက်လုံးထဲမှာ အထင်သေးရိပ် ပေါ်လာပြီး ရေချိုးခန်းထဲဝင်လာပြီး ပစ္စည်းတွေအသုံးပြုပုံကို သင်ပြပေးကာ အဝတ်အစားထုတ်ပေးပြီး ပြောလိုက်သည်။

"သခင်မက မင်းအတွက် တနှစ်လုံးစာ ဝတ်ရမယ့် အဝတ်အစားတွေ ပြင်ဆင်ပေးထားတယ်။ မင်းယူလာတာတွေကို ဘာတစ်ခုမှ ဝတ်လို့မရလို့ ငါ လွှင့်ပစ်ခိုင်းလိုက်ပြီ"

သူ့ပစ္စည်းတွေကို  လွှင့်ပစ်လိုက်တယ်....

ဒါက တဖက်သားကို မလေးစားဘူးဆိုတာ ထင်ရှားသည်။ သူ့ကိုယ်သူ ဘာကောင်ထင်နေလဲ။  ကျိုးယွင်ရှန့်  ရင်ထဲ ဒေါသထွက်နေပေမယ့် အပြင်ပိုင်းမှာ ရှက်ရွံ့စွာ  ခေါင်းငြိမ့်ပြလိုက်သည်။ ဖူဘိုက သူတုံ့ပြန်တဲ့ပုံကို ကြည့်ပြီး ကျေနပ်သွားကာ တံခါးပိတ်ပြီး  အပြင်ကို ထွက်သွားသည်။

ခြေသံတွေဝေးသွားတဲ့အခါတွင် နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တွေကို သပ်ကာ မျက်ခုံးပင့်ပြီး ညှို့အားပြင်းစွာဖြင့် ကျိုးယွင်ရှန့်ပြုံးလိုက်သည်။  ရိုကျိုးစွာ ငုံ့ကိုင်းနေသော ကိုယ်ကို မတ်လိုက်သလို
နှိမ့်ချတတ်တဲ့အမူအရာ  ပျောက်သွားသည်။ ရိုကျိုးပြီး အားနည်းတဲ့ ပုံစံကနေ ဘာကိုမှ ဂရုမစိုက်တဲ့ မာနကြီးပြီး အထက်စီးဆန်တဲ့ပုံ ဖြစ်လာသည်။ ကျိုးယွင်ရှန့်  အခန်းထဲလျှောက် ကြည့်ပြီး ခေါင်းရမ်းလိုက်သည်။

"ဒီအခန်းကို hotelတစ်ခုလို တစ်ခါသုံးတွေနဲ့ ပြင်ဆင်ထားတယ်။ ကြည့်ရတာ အိမ်ရှင်က ငါ့အပေါ်အချိန်အကြာကြီးခေါ်ထားမယ့်ပုံ မပေါ်ဘူး။ ငါက ဆင်းရဲပြီး သူတို့အတွက် အကျိုးမှမရှိတာ။ ဘာကြောင့် ခေါ်ထားချင်ရတာလဲ။  ငါရထားတဲ့ လျော်ကြေးငွေကြောင့်လား  "

 ဒေါ်လာသန်းချီတန်တဲ့ ဇိမ်ခံအိမ်ကြီးကိုတောင် ဝယ်နိုင်တဲ့လူတွေက ဘယ်လိုလုပ်ပြီး လျော်ကြေးငွေ ယွမ် 70000 ကြောင့် သူ့ကိုခေါ်ထား မှာလဲ။ ဒီနောက်ကွယ်မှာ သူ မသိသေးတဲ့  ပိုလေးနက်တဲ့ အကြောင်းရင်း ရှိရမည်။ သူ က အခန်းပတ်ပတ်လည် လိုက်ရှာပေမယ့် သူအလိုအပ်ဆုံး laptopကို မတွေ့ရပေ။

သူ့ရဲ့ ကမ္ဘာမှာဆိုရင် သူက ကမ္ဘာ့ နံပါတ် 1 ဟက်ကာ တစ်ယောက်ဖြစ်ပြီး   ကွန်ပျူတာတလုံးနဲ့ အင်တာနက်ရှိပါက မှန်းဆလို့တောင်မရနိုင်တဲ့ ထူးခြားတာတွေကို လုပ်နိုင်စွမ်းရှိသည်။ ဒီကမ္ဘာရဲ့နည်းပညာဖွံ့ဖြိုးမှုက သူနေခဲ့တဲ့ကမ္ဘာနဲ့ မယှဉ်နိုင်ပေမယ့် ကွန်ပျူတာတွေကိုတော့ တွင်ကျယ်စွာ အသုံးပြုနိုင်နေကြပြီဖြစ်သည်။ ခင်ဗျားတို့ တကယ်  ကလေးမွေးစား ချင်တယ် ဆိုရင် သူ့အတွက်ပြင်ပေးထားတဲ့ အခန်းမှာ  laptop ကို ဘယ်လိုများ ချန်ထားရတာလဲ။

အဲ့ဒါကြောင့် ဒီမိသားစု သူ့ကိုမွေးစားတာက အကျိုး တစ်ခုကြောင့် ဖြစ်တယ်ဆိုတာ ထင်ရှားသည်။  အခု သူ့မှာ ကွန်ပျူတာရှိမယ်ဆိုရင်
Online မှတဆင့် လက်ရှိလိပ်စာနဲ့  ရွှယ် မျိုးရိုးကနေ ဒီမိသားစုရဲ့ အချက်အလက်တွေအကုန် ရှာကြည့် နိုင်မည်ဖြစ်သည်။

"မေ့လိုက်တော့။ ရှာတွေ့လည်း  ငါက သေရမှာပဲ။ ဒီမှာနေရင်း ဒီနေရာက ဇာတ်လိုက်ကို  ဒုက္ခပေးရင်း ပျော်အောင်နေလိုက်တော့မယ်"

ကျိုးယွင်ရှန့် လှောင်ရယ်လိုက်ပြီး laptop ကို မရှာတော့ဘဲ  ရေချိုးလိုက်သည်။ သဲကန္တာရထဲမှာ ဆယ်နှစ်ကြာအောင် ငါနေခဲ့ပြီး ဂျုံစားရင်း မြေကြီးပေါ်မှာ အိပ်ခဲ့ရတာ လုံလောက်ပြီ။ နောက်ဆုံး ဒီ  စံအိမ်ကြီးထဲမှာ ခဏတော့ နေနိုင်ပြီ။  သူ သေရမယ်ဆိုရင်တောင် ဘယ်တော့မှ အရှူံးပေးလိုက်မည် မဟုတ်ပေ။ သူ system ကို ထိန်းချုပ်ဖို့ လုပ်တာ ဒီတစ်ကြိမ် မအောင်မြင်ရင် နောက်တစ်ကြိမ် ထပ်ကြိုးစားမည်။ တစ်နေ့မှာ Lord God က သူ့ခြေထောက်အောက်ရောက်ရမည်ဟု သူယုံကြည်သည်။

ကမ္ဘာအစစ်မှာ သူ့ရဲ့ လိျှု့ဝှက်နာမည်က နတ်ဘုရားကိုသတ်ဖြတ်သူ ဖြစ်သည်။ ဒီကစားပွဲမှာ ဘယ်သူနိုင်မယ်ဆိုတာမသိနိုင်သေးပါဘူး။ သူ့မျက်နှာကို  စိုစွတ်တဲ့ပဝါနဲ့အုပ်လိုက်ပြီး လှောင်ရယ်ရယ်လိုက်သည်။

တစ်နာရီကြာပြီးနောက် အိမ်တော်ထိန်းက တံခါးလာခေါက်ပြီး အလွန်အသန့်ကြိုက်သည့် သခင်လေးထက် ဒီဧည့်သည်ရေချိုးတာ ကြာနေလို့ မကျေမနပ်ဖြစ်နေသည်။ သခင်မကြီး၊သခင်လေးနဲ့ သခင်မလေးတို့က ဧည့်ခန်းထဲမှာစောင့်နေကြတာကို ဒီကောင်လေး လူမှုရေးနားမလည်ဘူးဟု တွေးနေသည်။

"ဖူဘို ဒီအဝတ်အစားက မိန်းကလေးတွေ ထင်တယ်"

ကျိုးယွင်ရှန့် တံခါးဖွင့်ပြီး အဖြူရောင်ဝတ်စုံတစ်စုံထုတ်ကာ သူ့ကိုယ်ပေါ် ကပ်ကြည့်လိုက်သည်။ သူက တောသားပေမယ့် လှည့်စားလို့မရပေ။  ကျပ်ထုပ်နေတဲ့ အသားကပ်ဘောင်းဘီ ၊ ခါးစည်းနှင့် ပန်းပွင့်ဒီဇိုင်း အင်္ကျီကို မိန်းကလေးတွေ ဝတ်လိမ့်မည်။

ဖူဘိုရဲ့မျက်နှာက မပြောင်းလဲပဲ ကျိုးယွင်ရှန့်  ထွက်မလာတာ  အဝတ်အစားတွေမိန်းမဆန်နေလို့ဖြစ်နိုင်တယ်လို့ တွေးမိပြီး မကျေနပ်တာနည်းနည်းလျော့သွားသည်။ ဒါကြောင့် ဖူဘိုက အတည်ပေါက်ရှင်းပြလိုက်သည်။

"ဒီအဝတ်အစားမျိုးက ယောကျ်ားလေးရောမိန်းကလေးပါ ဝတ်လို့ရပါတယ်။ မင်းနဲ့သခင်မလေးက မောင်နှမတွေလေ။ အဝတ်အစားဆင်တူဝတ်တာက မင်းတို့ချင်း ရင်းနှီးမှုပိုရနိုင်တယ်လို့ သခင်မကြီးက ပြောတယ်။ အခုခေတ် ဒီလိုအဝတ်အစားမျိုးက လူတိုင်းဝတ်ကြလို့ မင်းစိတ်အနှောင့်အယှက်ဖြစ်မနေပါနဲ့"

"ဒီလိုလား"

အင်္ကျီအနားစတွေကို ဆုပ်ချေရင်း ကျိုးယွင်ရှန့်  ဖူဘိုနောက်မှလိုက်ပြီး လှေကားအောက်ကို ဆင်းခဲ့သည်။

ရုပ်ချောတဲ့လူငယ်က ဧည့်ခန်းထဲမှာအကြာကြီးစောင့်နေရတယ်။ သူထိုင်သည်ဖြစ်စေ၊  လမ်းလျှောက်သည်ဖြစ်စေ ခါးကအမြဲတမ်း မတ်နေသည်။ အခု ဆိုဖာပေါ်ထိုင်နေစဉ် လက်တစ်ဖက်က ဘေးမှာ ချထားပြီး ကျန်တစ်ဖက်က ပေါင်ပေါ် တင်ထားတာက သက်တောင့် သက်သာနှင့် သဘာဝကျကျပင်။  သူ့ကိုယ်နေဟန်ထားနဲ့ ပုံစံကြည့်ရတာ ကျောက်ဆစ်ရုပ်တုကဲ့သို့ ကျော့ရှင်းလို့နေသည်။

ခြေသံတွေကြားလို့  ရွှယ်ဇီရွှမ် မော့ကြည့်လိုက်သည်။  သူ၏ နက်မှောင်နေတဲ့မျက်လုံးတွေက  ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းကို မဖော်ပြပဲ တည်ငြိမ်နေသည်။ သူ့ဘေးမှာထိုင်နေတဲ့ မိန်းကလေးက သူ့လက်မောင်း ကို  တင်းတင်းကျပ်ကျပ်  ဖက်တွယ်ထားသည်။  သူ အသန့်ကြိုက်လွန် တာကို မေ့နေပုံရပြီး ကောင်မလေးရဲ့အပြုအမူကို ကျင့်သားရနေဟန် ပေါ်သည်။ သူမကို အထူး အလိုလိုက်နေပုံပေါ်သည်။

ဒါက ငါ့ရဲ့အမွှာညီမလား။ သူ့မျက်လုံးတွေက ရွယ်ဇီယွမ်ရဲ့ နောက်က  လှပတဲ့မျက်နှာလေးကိုကြည့်ပြီး ခန့်မှန်းလိုက်တယ်။

================

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now