အခန်း - ၃၅ (ချောင်ယာလူမျိုးစု)

Beginne am Anfang
                                    

"မဖြစ်ချင်ပေါင်"

နန်မော်ယဲ့က ချက်ချင်းခေါင်းခါလိုက်သည်။ သို့သော် ရင်ထဲမှာ လိပ်ခဲတည်းလည်း တစ်ဆို့ဆို့ဖြစ်နေပုံရသေးသည်။

"ဒါပေမယ့် ဒီဆရာက ဆော့လို့တောင် မ၀သေးဘူးလေကွာ"

သွမ့်ပိုင်ယွဲ့ခေါင်းကိုက်သွားသည်။

တစ်အောင့်လောက်ကြာတော့မှ နန်မော်ယဲ့က
ပေါက်စီကို အကုန်စားပြီး လေးနက်စွာဆိုလာသည်။

"မင်းရဲ့ချစ်ရသူကြီးက မင်းကို သွားခွင့်မပြုဆိုပေမယ့် ငါ့ကိုတော့ တားမထားဘူးလေ၊ ဟုတ်တယ်နော်။ ဒီအချိန်ကစပြီး ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်တော့ဘူး"

"ပြဿနာတော့ရှာမလာနဲ့နော်"

"သေချာတာပေါ့ကွ...."

နန်မော်ယဲ့က မိမိကိုယ်ပေါ်က ဖုန်မှုန့်များကိုပုတ်ထုတ်လိုက်ပြီး မြေပြင်ပေါ်မှ သစ်ကိုင်းအဆွေးတစ်ခုကို ကောက်ယူလိုက်ကာ ရိုးရာတေးတစ်ပုဒ်ကို ညည်းရင်း ထွက်သွားတော့လေသည်။

သွမ့်ပိုင်ယွဲ့လည်း အစတုန်းက နန်းတော်သို့ပြန်ရန်ပြင်သေးသော်လည်း နောက်ဆုံးတော့ ဆရာဖြစ်သူကို စိတ်မချသဖြင့် နောက်မှ လိုက်လာခဲ့လေသည်။

*****

"ငါပြန်ရောက်လာပြီကွ"

နန်မော်ယဲ့က တံခါးကိုဖွင့်ပြီး ၀င်လာတော့ ဆိုက်အန်းဖန်း၏ အစေခံက အိပ်နေရင်းနှင့်မှ လန့်နိုးလာ၏။

"ဘာတွေအော်ဟစ်နေတာလဲ အဖိုးကြီး"

"လရောင်ငေးကို ရှာတွေ့ပြီလေ၊ နည်းနည်းလောက် ပျော်ပေးပါဦး"

နန်မော်ယဲ့က စိတ်ပျက်စွာ ညည်းတွားလာ၏။

ထိုနှစ်ယောက်၏ အပြန်အလှန်စကားပြောဆိုသံကိုကြားသည်နှင့် ဆိုက်ဖန်းအန်းလည်း အပေါ်၀တ်ရုံကိုခြုံကာ အခန်းထဲမှထွက်လာ၏။ မျက်နှာဖုံး၏ ဖုံးကွယ်ခံရခြင်းမရှိဘဲလွတ်နေသော မျက်နှာထက်၀ယ် ဖြူဆုတ်အားနည်းနေလျက်ရှိသည်။

တကယ်လည်း ဤသို့ပင် ဖြူဆုတ်အားနည်းနေရမည်လေ။အကြောင်းမှာမူ မနေ့က နန်မော်ယဲ့ ပြန်ခိုး၀င်လာပြီး အခန်းပတ်ချာလည် လာပတ်သွားကာ အခန်းထောင့်စွန်းရှိ ပန်းအိုးကြီးထဲ၌ ခရမ်းရောင်ဖားပြုပ်ကြီးတစ်ကောင် ထည့်ဖွက်ထားလေသည်။ ဤအချိန်လောက်ဆိုလျှင် ဆိုက်ဖန်းအန်းခန္ဓာကိုယ်ထဲက ကူအဆိပ်ပိုးများ မည်မျှပင် ကြောက်လန့်တကြား ထကြွပြေးလွှားနေလောက်ပြီလဲ။ ဤကဲ့သို့ ခြေနှစ်ချောင်းပေါ် မတ်မတ်ရပ်နိုင်သည်ကိုက တော်တော်ဟုတ်နေပေပြီ။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Wo Geschichten leben. Entdecke jetzt