အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)

Start from the beginning
                                    

ချူယွမ်ဘက်က ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေမြဲ။ မကြားချင်ယောင်ဆောင်နေသည့်နှယ် ။ သို့သော်လည်း လက်ခံသည့်အဓိပ္ပာယ်လည်း သက်ရောက်နေပေသည်။

သို့နှင့်ပင် ခဏကြာတော့ ရေမျက်နှာပြင်ထက် အခြားရေလှိုင်းတစ်ခု ၀ိုက်ကာ၀ိုင်းကာ ပျံ့သွားလေသည်။

နှစ်ယောက်သား ထိုရေနွေးကန်ထဲ စိမ်နေကာ မျက်နှာကျက်ထက် ဆောက်လုပ်ထားသော ကနုတ်လက်ရာများကိုသာ ငေးကြည့်နေလျက်ရှိသည်။ မည်သူဘက်ကမှ စတင်၍ စကားမဟကြ။

ချူယွမ်မျက်၀န်းများ မှေးမှိတ်နေလျက်။ အိပ်ပျော်သွားတော့မည့်နှယ်။

သွမ့်ပိုင်ယွဲ့လည်း ချူယွမ်ကိုယ်လုံးလေးအား အသာဆွဲယူပြီး ရင်ခွင်ထဲ ယုယကြင်နာစွာ ပွေ့ဖက်ထားလိုက်လေသည်။

အပြင်ရှိရှစ်ဇီလည်း အတွေးများမျောလွင့်ရင်း ကျေနပ်၀မ်းသာနေ၏။ ရှီးနန်၀မ်ရောက်လာပြီးကတည်းက မိမိလုပ်စရာ မည်သည့်ကိစ္စကိုမဆို လာရောက်ကူညီမည့်သူရှိလာလေရာ မိမိလုပ်ငန်းဆောင်တာများ တစ်၀က်မျှ လျော့ပါးသွားသည်လေ။

ကောင်းလေစွ ကောင်းလေစွ။

အရမ်းများပင်ပန်းနွမ်းနယ်နေလို့လား၊ ရေကန်ထဲက ရေများ အရမ်းနွေးကာ နေလို့ကောင်းနေလို့လား။ ချူယွမ် ဘာဆိုဘာမှ နှုတ်ဟပြောဆိုခြင်းမရှိ။

ထို့အပြင် ပို၍နွေးထွေးရာနေရာသို့ ပို၍တိုးကာ ခိုအောင်းချင်သည့်နှယ် သွမ့်ပိုင်ယွဲ့ရင်ခွင်ထဲ သက်တောင့်သက်သာရှိသလို ပြုပြင်နေရာယူလိုက်ရင်း အိပ်တစ်၀က် နိုးတစ်၀က် ဖြစ်နေဟန်ရ၏။

ဖြူစင်သန့်ရှင်းသော ၀တ်လဲတော်မှာ ရေနှင့်ထိတွေ့တော့ စိုစွတ်သွားကာ အသားနှင့်တစ်သားတည်းကပ်နေသဖြင့် နုပျိုလှပသောချူယွမ်၏ လည်ပင်းအောက်ပိုင်းတစ်လျှောက် ခန္ဓာကိုယ်အား အတိုင်းသား လှစ်ဟပြနေသည့်နှယ်။ ညီလာခံသဘင်များ၌ တွေ့မြင်ရနေကျ ဘုန်းတန်ခိုး အာဏာအရှိန်အ၀ါတို့ဖြင့် ခံ့ညားထည်၀ါလွန်းသော သြဇာအာဏာမျိုးလွှမ်းမိုးထားခြင်းမရှိတော့ဘဲ ၊ ဘာဆိုဘာမှ စည်းတားထားခြင်းမရှိတော့ဘဲ ၊ စိတ်လွတ်ကိုယ်လွတ် နေချင်သလို နေနေသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now