အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)

Start from the beginning
                                    

"ရပါတယ်၊ နောင်တော်လည်း အလုပ်လုပ်နေလိုက်ပါ။ ကျွန်တော်တို့က အားနေလို့ ဒီတိုင်း၀င်ကြည့်ချင်ရုံတင်ပါ...."

ဆိုင်နောက်တွင် ပုံစံအမျိုးမျိုး ပြုလုပ်ထားသော မြင်းလှည်းများ စီရီခင်းကျင်းထားကာ ဆိုင်အတွင်းဘက်တွင်တော့ အသစ်စက်စက် ပြုလုပ်ထားသော ထိုင်ခုံများ၊စားပွဲများနှင့် အခြားပရိဘောဂများကို စီရီထား၏။အိမ်အတွင်းဘက်သို့ ဆက်၍၀င်ကြည့်မည်လုပ်တော့ ၀န်ထမ်းများက လိုက်လံတားဆီးကြသည်။ လူကြီးမင်း၀ူ၏ ကိုယ်ပိုင်အနားယူရာနေရာဖြစ်​သောကြောင့် ဖောက်သည်များ ၀င်လို့မရကြောင်းပြောပြလာသည်။သွမ့်ပိုင်ယွဲ့လည်း တောင်းပန်စကားဆိုလိုက်ကာ ဆိုင်ရှေ့ကပစ္စည်းများကိုတစ်ပတ်မျှလှည့်ကြည့်ပြီးနောက် ဆိုင်ထဲမှထွက်လာလေသည်။

ချူယွမ် - "ဘာတွေ့မိသေးလဲ"

သွမ့်ပိုင်ယွဲ့ - "ဘာမှမတွေ့ဘူး"

မှန်သည်။ ဘာကိုမှမတွေ့မိသည်ကမှ တကယ် ထူးဆန်းသည်။ မြင်းလှည်းများ၊ ပရိဘောဂများကလွဲရင် ဘာပစ္စည်းမှရောင်းသည်ကိုမတွေ့။ သူတို့တွေ့ခဲ့သောသေတ္တာများ အဘယ်မှာချရောင်းနေမှန်း လုံး၀မတွေ့ခဲ့ရ။ ထိုသို့ဆိုလျှင် ထိုသေတ္တာများ ဘယ်ရောက်ကုန်သနည်း။

ချူယွမ်က ထပ်ပြောလာသည်။

"ချိုးဖန်းရွာသားပြောပုံအရ မနက်ဖြန်ကျရင် ဒီဆိုင်ကလူတွေ သူ့ဆီပစ္စည်းသွားယူဖို့ရှိတယ်။ ဒီလိုဆိုရင်တော့ အဲ့ဒီသေတ္တာတွေ နောက်ဆုံးဘယ်ဆီရောက်သွားလဲဆိုတာတော့ လိုက်စုံစမ်းလို့ရတယ်"

"အင်း"

"ပြန်ရအောင်.....မြင်းတပ်စခန်းဆီ"

"ဟင့်အင်း။ နေ့ခင်းကြောင်တောင် လူအရမ်းများတာကို ခုချိန် စခန်းပြန်သွားရင် ဘေးလူတွေ ရိပ်မိကြမှာပေါ့ .....မပြန်သေးဘူး ၊ နေအေးမှပြန်မယ်"

"ဒါဆို အခု ဘာလုပ်ကြမှာလဲ"

"အပြင်ထွက်လာတာလည်းကြာပြီ ၊ ထမင်းတစ်နပ်မှလည်း မစားရသေးဘူးဆိုတော့ကာ...."

သွမ့်ပိုင်ယွဲ့က လက်ညှိုးတစ်ချောင်းထောင်ပြရင်း ဆက်ပြော၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now