အခန်း - ၁၉ (တာ့ယန့်မြို့)

Start from the beginning
                                    

"အဲ့ဒီတော့....."

သွမ့်ပိုင်ယွဲ့ ခုထက်ထိ နားမလည်နိုင်သေး။

"ဒီမှာက ထိုင်ခုံစားပွဲလောက်ပဲ လုပ်တာမဟုတ်ဘူး။ လျှို့၀ှက်လက်နက်တွေရော ၊ သစ်သားဓားရော၊ ယန္တရားစက်တွေရော၊ ဒဏ္ဍာရီတွေထဲက လင်လုံစေတီတော်ရောအစုံပဲ။ လမ်းကြားက အဖိုးအိုတွေ စကားပြောနေကြတာ ကြားမိသလောက်တော့ ချိုးရွှမ်ကျီးယန္တရားတိုက်ကို ဆောက်ခဲ့တဲ့ ပညာရှင်ကြီးက ဒီမြို့မှာတင် ရှိတယ်တဲ့။ မင်း ဖျက်ဆီးခဲ့တဲ့ ယန္တရားတိုက်ရဲ့ မူရင်းပုံစံက ဒီမြို့ကနေ ဆင်းသက်မွေးဖွားလာတဲ့ပုံပဲ"

"စကားမစပ်၊ မင်း သဘောကျရဲ့လား..
ဖန်ရှင်းပုလဲကို"

အစမရှိအဆုံးမရှိ ချက်ချင်းမေးလာသော​ကြောင့် ချူယွမ် ခေတ္တမျှ သိသိသာသာ မှင်သက်တွေ​ေ၀နေ၏။ သွမ့်ပိုင်ယွဲ့လည်း အနှင်မခံရခင်  ချက်ချင်းပင် ပြောလက်စစကားကိုသာပြန်ဆက်ကာ -

"ချိုးရွှမ်ကျီးယန္တရားတိုက်ကို ဆောက်ခဲ့တဲ့သူ နာမည်က အဖိုးအိုမုချီဆိုတာတော့ ကြားဖူးတယ်။ ဒီမြို့သားမှန်းတော့ မသိဘူး"

" ဒီရက်မတိုင်ခင်မှာ သူ ဒီမြို့ပြန်ရောက်နေကြောင်း ကိုယ်တော် သတင်းရတော့ ဒီမြို့ကို စစ်ဆေးစရာရှိတယ်လို့ပြောပြီး ထွက်လာခဲ့တာ။ ထျဲန်းချာ့ဂိုဏ်းက ခြေတစ်လှမ်းသာသွားပြီး အဖိုးအိုမုချီကို ပြန်ပေးဆွဲသွားပြီ။ ခုထက်ထိ သေလားရှင်လား သတင်းမကြားရသေးဘူး "

"လန်ဂျီးက အဖိုးအိုတစ်ယောက်ကို ပြန်ပေးဆွဲသွားတယ်ဟုတ်လား။ အဲ့မိစ္ဆာမကြီးက ရုပ်ရည်ချောမောပြီး ကျန်းမာသန်စွမ်းတဲ့ ယောကျ်ားပျိုတွေကိုပဲ ဖမ်းသွားတတ်တယ်မှတ်နေတာ"

ချူယွမ်အကြည့်များ သူ့ဆီ ရောက်ချလာသည်။

"ကိုယ် မပါဘူးနော်"

သူက ယောင်အာကိုပဲ လိုချင်တာ။

"ထျဲန်းချာ့ဂိုဏ်းနဲ့နီးစပ်ရာပတ်၀န်းကျင်တွေကို ကိုယ်တော်စုံစမ်းခိုင်းထားတယ်။ သိပ်မကြာခင်မှာ သတင်းတစ်ခုခု ရမှာပါ"

"ဘာလို့ အဖိုးအိုမုချီကို လိုက်ရှာနေတာလဲ။ လျှို့၀ှက်လက်နက်လုပ်ခိုင်းဖို့လား၊ နန်းတော်ထဲယန္တရားကွက်တွေ ဖြေရှင်းခိုင်းစရာရှိလို့လား"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now