အခန်း- ၁၇ - အဆက်

Start from the beginning
                                    

"မင်း ကူအဆိပ်မိနေမှန်း ဘာလို့ ဒီထက်စောစော မပြောပြခဲ့တာလဲ"

"ရှက်ဖို့ကောင်းလို့လေ"

ချူယွမ် - "........."

"ကြင်ဖက်ရွေးပွဲမှာ လာမပြိုင်နိုင်ရင် အနောက်တောင်နယ်အကျယ်ကြီးကို လက်လွှတ်လိုက်ရမှာ နှမြောစရာကြီးကို"

ချူယွမ် ဤကိစ္စကို ဆက်မပြောလိုတော့။

"သေချာ အနားယူလိုက်ဉီး။ ထျဲန်းချန်ရှား ကိစ္စကို ကိုယ်တော်လည်း ကူရှာပေးမယ်"

"အင်း၊ ကျေးဇူးပဲ....."

ချူယွမ် တံခါးနားသို့ပင် ရောက်တော့မည်အပြု နောက်ဘက်မှ ထပ်ခေါ်ခံရလေသည်။

"ဒီည အတူသောက်ကြရအောင်..."

သွမ့်ပိုင်ယွဲ့က ကုတင်ခေါင်းရင်းကိုမှီနေရင်း ဆက်ပြောလာသည်။

"ဒီတစ်ခေါက် ဟွမ်ထျဲန်းစခန်းကိုလာခဲ့တာ ဆွေယိုးသေရည်တစ်အိုး ပါလာအောင် မမေ့မလျော့ ယူလာခဲ့တယ်"

"မင်း ဒဏ်ရာရထားတာကို....."

"ဒီပိုးကောင်က တစ်နှစ်နေမှတစ်ခါ ထသောင်းကျန်းတာ၊ အခု ဘာမှမဖြစ်တော့ဘူး။ ပြီးတော့ ကူအဆိပ်က လက်နက်ဒဏ်ရာတွေနဲ့မှမတူတာ ၊ အရက်လေးသောက်လိုက်ရုံနဲ့ ဘာမြှဖစ်မသွားပါဘူး "

ချူယွမ် ခေတ္တမျှစဉ်းစားပြီးနောက် "အင်း"ဟု ခေါင်းညိတ်လက်ခံလိုက်လေသည်။

သွမ့်ပိုင်ယွဲ့လည်း ချူယွမ်ထွက်သွားသည်ကို ပြုံးရင်း မျက်စိတဆုံး ငေးကြည့်နေ၏။

ထိုစဉ် နန်မော်ယဲ့က ပြတင်းပေါက်မှတစ်ဆင့် ခုန်လွှားရောက်ချလာသည်။ ကျိုးစံအိမ်တော်တံင် ရှိနေစဉ်တစ်လျှောက်လုံး နန်မော်ယဲ့မှာ အခြားလူများ သူ့ကိုမှတ်မိမည့်ဘေးမှ ကင်းစေရန် မျက်နှာဖုံးအမြဲတပ်ထားနေရသည်။ ကြေးနီပြားလေးတစ်ပြားဖြင့် ဈေးထဲ အလွယ်တကူဝယ်ယူ၍ရသော မိစ္ဆာနှိမ်နင်းသူတို့၏ မျက်နှာဖုံးမျိုးဖြစ်သည်။ အနှီ မျက်နှာဖုံးမှာ အစိမ်းရောင်အဆင်း၊ ရှည်မျောမျော သဏ္ဍာန်ဖြစ်နေသည့်အပြင် အမွှေးအမျှင်ထူထပ်နေသေးသဖြင့် တစ်ခုသောညချမ်းတွင် ရှစ်ဇီမှာ ထိုမျက်နှာဖုံးကြောင့် သတိလစ်တော့မတတ် ကြောက်လန့်သွားဖူးသေးသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now