အခန်း- ၁၇ (ထျဲန်းချန်ချား)

Começar do início
                                    

နန်မော်ယဲ့လည်း အင်မတန်မှ နှစ်ထောင်းအားရရှိသွားပါပေ၏။

ဒီလိုလေး အသားကိုအသားချင်းထိကြတာမျိုးက များများပေးဖြစ်ခိုင်းလေ ကောင်းလေပဲ။

"သူ ဘာလို့ ချီဓာတ်ပြိုကွဲတဲ့အထိတောင် ဖြစ်သွားရတာလဲ"

ချူယွမ်က နန်မော်ယဲ့ ကုသမှုပြုလုပ်နေရင်း အားလပ်သွားသောအချိန်ကြား လု၍မေးရှာသည်။

"အခုမှ ထဖြစ်တာမဟုတ်ရကြောင်းပါဘုရား"

နန်မော်ယဲ့က အပ်များကို ပြန်ထုတ်ရင်း ပြန်ဖြေ၏။

"ပိုင်ယွဲ့က အရင်ကတည်းက အတွင်းဒဏ်ရာရဖူးပြီးသား၊ အခု ကြင်ဖက်ရွေးပွဲမှာ ပါ၀င်ယှဥ်ပြိုင်ရမှာဆိုတော့ ၀ါယောဓာတ်နဲ့ အတင်းဖိနှိပ်ထားလိုက်တာ ၊ အဲ့လိုဖိနှိပ်ထားတာက သူ ဒီလိုဒဏ်ရာမျိုး မလွှဲမရှောင်သာရစေခဲ့တာပါဘုရား "

ချူယွမ်မျက်မှောင်ကြုံ့သွား၏။

"အတွင်းဒဏ်ရာရထားတယ်ဆိုတာ.....
ဘယ်ကတည်းက ရထားတာတဲ့လဲ"

"ဒီကိစ္စက ပြောရမှာ ရှည်တော့ရှည်ပါတယ် ၊ အဟမ်း....."

နန်မော်ယဲ့က ဖြစ်ကြောင်းကုန်စင်ကို အစကတည်းက နိဒါန်းပျိုးပြောပြရန် လည်ချောင်းရှင်းနေစဥ်တွင်ပင် သွမ့်ပိုင်ယွဲ့ သတိပြန်လည်ရလာ၏။

"ရှစ်ဖူး!!!!"

"နိုးလာတော့လည်း ကောင်းပြီ။ နိုးလာမှပဲ ကိုယ်လက်ခန္ဓာ ချည့်နဲ့မနေမှာ ။ ဒွါရခုနစ်ပေါက်လုံး သွေးထွက်၊ အင့်ထန်နေရာ (မျက်ခုံးအဆုံးသတ်နေရာ)မှာလည်း အညိုအမည်းစွဲ၊ နှလုံးမှာလည်း ပိုးကောင်ပေါင်းသောင်းခြောက်ထောင် ကိုက်စားနေသလို နာကျင်နေရသေး။ ငါ့တပည့် ခံစားရတဲ့​ေ၀ဒနာက သေရတာထက်တောင် ပိုဆိုးနေသေးတယ်...."

နန်မော်ယဲ့က စိတ်အေးသွားသည့်နှယ် သက်ပြင်းမောချလိုက်ပြီးနောက် ထိုင်ရာမှထ၊အကြောအခြင်ဆန့်လိုက်ကာ ဆက်ပြော၏။

"ဒါဆို ရေနွေးအဆင်သင့်ဖြစ်မဖြစ် ကျွန်တော်မျိုး စားဖိုဆောင်ဘက်သွားကြည့်လိုက်ပါဦးမယ်"

ထို့နောက် တံခါးနားအရောက် ထပ်မံမှာကြားသွားသေး၏။

"ဘာပြဿနာမှ ထပ်ပေါ်မလာအောင်လို့ ဧကရာဇ်ချူလည်း ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ့တပည့်လေးကို ပိုပြီးမြဲမြဲလေး ဖက်ထားပေးလှည့်ပါနော့။ ဘယ်လိုဖြစ်ဖြစ် ကူအဆိပ်ပိုးကောင်က တခြားအဆိပ်နဲ့မှမတူတာ၊ သေသေချာချာလေး ကြိုတင်သတိထားဖို့ လိုတယ်...မြဲမြဲဖက်ထားပေး။ "

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Onde as histórias ganham vida. Descobre agora