အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)

Start from the beginning
                                    

သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ-

"ကျုန်းယွမ်ရဲ့ ရေအတိမ်အနက်က ဘယ်လောက်နက်နေမှန်း မသိနိုင်ဘူး (ကျုံးယွမ်ရဲ့သိုင်းလောကက နက်နဲရှုပ်ထွေးလွန်းတယ်) ၊ အန္တရာယ်များလွန်းတယ်။ ကျားရိုင်းတွေက သူတို့သားကောင်ကို အလစ်တိုက်ဖို့ချောင်းနေသလိုပဲ ၊ သိုင်းလောကထဲမှာ ကျွီယင့်နန်းဆောင်ကို သိမ်းပိုက်ချင်ကြတဲ့လူ ဘယ်လောက်တောင်များနေလိုက်သလဲ ၊ ကျွန်တော် သူ့ကို အန္တရာယ်ထဲကျရောက်တာ မမြင်ရက်ဘူး"

"ဒါပေမယ့် လူတစ်ယောက်ကို မင်းအနားမှာ တစ်သက်လုံး ချုပ်နှောင်ထားလို့မရဘူးကွ"

"ဒီကိစ္စ ကျွန်တော်ဘာလုပ်သင့်မှန်း ကျွန်တော်သိပါတယ်....ရှစ်ဖူး ။
စိုးရိမ်မနေပါနဲ့"

နန်မော်ယဲ့ သတိပေးပြောဆိုသော်လည်း သွမ့်ပိုင်ယွဲ့က ခေါင်းမာနေဆဲ။

သွမ့်ယွီမှာ သွမ့်ပိုင်ယွဲ့နှင့် ဖအေတူ မအေကွဲ ညီအရင်းဖြစ်သည်။ ရိုးသားဖြောင့်မတ်သောစရိုက်ရှိကာ တစ်ဖက်ကလည်း မဟုတ်မခံစိတ်ဓာတ်လည်းရှိပြန်သည်။ ထိုစဥ်က နယ်စပ်ဒေသသို့ စစ်ချီသွားကာ ၀င်ရောက်နှောင့်ယှက် ပုန်ကန်သူမှန်သမျှ သတ်ဖြတ်သုတ်သင်ခဲ့သည့် ထိုစစ်ပွဲ၌ သွမ့်ပိုင်ယွဲ့၏ လုပ်ဆောင်ချက်ကို သွမ့်ယွီ လုံး၀သဘောမတူခဲ့သည့်အပြင် ပြတ်သားစွာ ငြင်းဆန်ကန့်ကွက်ခဲ့လေသည်။ [ ချူယွမ်နန်းတက်ပြီးပြီးချင်း ထကြွပုန်ကုန်ခဲ့တဲ့စစ်ပွဲပါ။ ချူယွမ်အမိန့်တောင်မစောင့်ဘဲ သူ့ဘာသာသူ ၀င်ရှင်းလိုက်တဲ့ Story descriptionမှာ ပြောထားတဲ့ စစ်ပွဲဖြစ်ချိန်ကိုပြောတာပါ ]

မိခင်ဖြစ်သူ ကွယ်လွန်ပြီးသည့်နောက်မှာတော့ စာတစ်စောင်သာ ချန်ရစ်ခဲ့ကာ ရှီးနန်စံအိမ်တော်မှထွက်ခွာသွားပြီး သိုင်းလောကထဲ လှည့်လည်ကျက်စားနေခဲ့၏။ နောက်ပိုင်းတွင်မူ ကျွေ့ယင်နန်း၌ အတည်တကျ နေထိုင်ကာ ချင်ရှောက်ယွီထံ ခစားခဲ့သည်။ သွမ့်ပိုင်ယွဲ့က မိမိဘေးနား ပြန်ခေါ်ထားရန် အကြိမ်ပေါင်းများစွာ ခေါ်သော်လည်း အကြိမ်တိုင်း ငြင်းပယ်ခံခဲ့ရသဖြင့် အတော်နာကျင်ခဲ့ရပြီဖြစ်သည်။ ယခုမူ ဟွမ်ထျဲန်းစခန်းအနားရှိ လျို့ဖင်းရွာငယ်လေးတစ်ရွာတွင် အမှတ်မထင် ဆုံတွေ့ကာ ညီအစ်ကိုနှစ်ဦး စကားများကြပြန်၏။ ဒေါသအရှိန်ဖြင့်ပင် သွမ့်ပိုင်ယွဲ့က ညီဖြစ်သူအား ရွာတစ်နေရာ၌ ဖမ်းဆီးချုပ်နှောင်ထားကာ အကျယ်ချုပ်ချထားလေ၏။ သွမ့်ယွီနှင့် စေ့စပ်ထားသော အမျိုးသမီး၊ တစ်နည်းအားဖြင့် ကျွေ့ယင်နန်း၏ ဘယ်လက်ရုံး အမိန့်ပေးအရာရှိ ဟွားထန်ကိုပါ ဖမ်းဆီးထားပေသည်။ ဤကြင်ဖက်ရွေးပွဲပြီးလျှင်တော့ နှစ်ယောက်စလုံးကို ရှီးနန်သို့ အပါခေါ်သွားမည့်ပုံပင်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now