အခန်း- ၁၁ (ဆုံတွေ့ခြင်း)

Start from the beginning
                                    

မှန်းဆ၍မရအောင်ကို ဂြိုဟ်ဆိုးမွှေနေပြီထင်။

သွမ့်ပိုင်ယွဲ့ကဆိုလာ၏။

"ယောင်အာက ဗောဓိစိတ္တသိုင်းကျငိ့စဥ်ကို ကျင့်ဖူးတယ်ဆိုဦးတော့ ၊ အခု ဂိုဏ်းချုပ်သခင်မကို အတူတူ ကျင့်ပေးနိုင်တဲ့အရွယ်မှမဟုတ်တာ။ ဘာကြောင့် အတင်းအကျပ် လုယူချင်နေသလဲ"

ထိုစကားကို သွမ့်ယောင်ကြားတော့ စိတ်ညစ်ရ၏။ သူ တကယ် မကျင့်ဖူးတာ အမှန်ပါဆို။

"ရတာမရတာက ခေါ်သွားပြီးမှသိရမှာပေါ့"

လန်ကျီးလက်ထဲတွင် လက်ကနဲ အရောင်တောက်သွားကာ အနီရောင်မျက်လုံးရှိသော မြွေတစ်မျိုးကို လွှတ်လာ၏။ သွမ့်ပိုင်ယွဲ့ပင် ဘာမှ မလုပ်လိုက်ရသေး၊ သွမ့်ယောင်က ထိုမြွေ၏ နှလုံးရှိရာ ခုနစ်ခုမြောက်အကြေးခွံတည့်တည့်ကို လက်နှင့် ဖမ်းချုပ်ဖိနှိပ်ပြီးသား။ ထို့နောက် မြွေ၏အရိုးများကျိုးကုန်သည်အထိ နှစ်ချက်သုံးချက်မျှ အားရပါးရကိုင်ရိုက်ပစ်လိုက်ပြီးနောက် မိမိ၏ပခြုပ်လေးထဲ သွတ်ထည့်ပစ်လိုက်လေ၏။

တကယ်ပွတာပဲ ၊ ဒီမြွေက အသေစျေးကြီးတာ။

"မတွေ့ရတာ တစ်နှစ်တောင်ရှိနေပြီ။
လန်ဂိုဏ်းချုပ်ရဲ့ နည်းလမ်းတွေက မပြောင်းမလဲ အောက်တန်းကျနေမြဲပဲနော်"

လန်ကျီးမှာ ရှက်လွန်းသဖြင့် အမျက်ချောင်းချောင်းထွက်ကာ သွမ့်ပိုင်ယွဲ့ကို တရှိန်ထိုးတိုက်ခိုက်လာ၏။ ရှီးနန်တပ်သားများလည်း သူမ၏တပည့်များနှင့် တိုက်ခိုက်နေကြသဖြင့် တောနက်ကြီးမှာ ဆူညံပွက်လောရိုက်လျက်။

သွမ့်ယောင်က နောက်သို့ ခြေနှစ်လှမ်းမျှဆုတ်လိုက်ပြီး အခြေအနေကို သုံးသပ်ကြည့်၏။ သိုင်းပညာအဆင့်ချင်းယှဥ်လျှင် နောင်တော်ဖြစ်သူက ပိုသာသဖြင့် စိုးရိမ်ဖွယ်ရာမရှိသော်လည်း ယခုမှာတော့
သွမ့်ပိုင်ယွဲ့မှာ  အတွင်းဒဏ်ရာရထားသောကြောင့် သူ ၀င်ပါသင့်နေပေပြီ။ 

ရှီးနန်၀မ်နှင့် တိုက်ခိုက်နေစဥ် လန်ကျီးမှာ မိမိ၏ ဘယ်ဘက်လည်ပင်း၌ အေးစက်စက်အရာတစ်ခုကို ခံစားသိရှိနေရ၏။ တစ်စုံတစ်ခုက မိမိ၏ပါးပြင်အား
လာလျက်နေသယောင်ယောင် ခံစားရသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now