အခန်း- ၇ (ရန်ယွဲ့ ဆောင်)

Start from the beginning
                                    

****

ယဲ့ကျင့် အပြင်ထွက်သွားစဥ် လေပြင်းနှင့်အတူ မိုးဖွဲဖွဲလေးပါ ရွာသွန်းလာသောကြောင့် နေလှန်းထားသော ဆေးပင်များအနက် တစ်၀က်ခန့်မှာ မိုးစိုကုန်ကာ အချို့မှာမူ လေဒဏ်ကြောင့် အဝေးသို့လွင့်ပါကုန်၏။ယဲ့ကျင့်လည်း အိမ်၀န်းကို ခပ်သွက်သွက်လှည်းကျင်းပြီးနောက် အိပ်ခန်းသို့သာ တန်းတန်းမတ်မတ်၀င်သွားပြီး အနားယူလေသည်။ ညစာပင်မစားအား။

ပိုင်လိုင်ချိုင်ကမူ ပြောင်းပြန် ။ ခံတွင်းမြိန်လွန်းသဖြင့် ခေါက်ဆွဲပြုတ်ချက်စားလိုက် ၊ နေလှန်းထားသော အသားခြောက်များ ချက်ပြုတ်ကြော်လှော်လိုက်နှင့် အင်မတန်မှ အဆင်ပြေနေ၏။

နောက်တစ်နေ့မနက် ယဲ့ကျင့်နိုးလာသောအခါ  လတ်လတ်ဆတ်ဆတ်ခူးထားသောဆေးပင်များ စားပွဲပေါ်အပြည့် နေရာယူထားသည်ကို တွေ့လိုက်ရ၏။

ချောက်ကမ်းပါးနံရံထက် ပေါက်ရောက်သည့် သူ အရမ်းလိုချင်နေခဲ့သော ထိုအနီရောင်ပန်းပွင့်ငယ်များပါ ရှိနေ၏။

ထိုစဥ် ပိုင်လိုင်ချိုင်ကပေါက်စီနှစ်လုံးသုံးလုံး ကိုင်ကာ အိမ်ထဲ၀င်လာသည်။

"ဒါတွေ ဘယ်က ရောက်လာတာလဲ"

ပိုင်လိုင်ချိုင်မှာ ဘာကိုမျှမသိသောမျက်နှာပေးဖြင့် နေနေ၏။

ယဲ့ကျင့်က အဘိုးအိုအား စေ့စေ့ကြည့်ပြီးနောက် ဆေးပင်များကို အမှိုက်တောင်းထဲ လွှင့်ပစ်လိုက်လေ၏။ ထို့နောက် မိမိအခန်းသို့ ပြန်၀င်သွားလေသည်။ ပိုင်လိုင်ချိုင်အတွေးထဲမှာတော့ -

ဒီကောင်လေးနှယ်  ရုပ်ရည်သန့်ပြန့်ချောမောတာနဲ့မလိုက် ၊ ဘာလို့အရမ်း စိတ်ဆိုးလွယ်တာလဲ။

ဤအဖိုးအိုမှာ သာမန်လူတစ်ယောက်မဟုတ်မှန်း ယဲ့ကျင့် သိနေပါသည်။ သို့သော် မိမိဆီမှာ သိုင်းလောကသားများနှင့် ရန်ငြိုးရန်စမရှိဖူးသောကြောင့် သူ့နောက်လိုက်လာပြီး သတ်ဖြတ်ရန်မူမည့်သူတော့ မရှိလောက်ပါလေ။ လူအများကို အုပ်ချုပ်ကာ စီမံခန့်ခွဲရသောအလုပ်မျိုးကို သူ ငြီးငွေ့သဖြင့် ယခုလို ဆေးပင်များကို လိုက်ရှာကာ ဆေးကုနေခြင်းဖြစ်သည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now