အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)

Start from the beginning
                                    

"မဟုတ်မှလွဲရော .....ဧကရီဘုရင်မကိုမှ နောင်တော် ရည်ရွယ်နေတာများလား?  "

သွမ့်ပိုင်ယွဲ့ - "........"

"မဟုတ်သေးပါဘူး။ ဧကရာဇ်ချူဆီမှာ ဧကရီတွေ မိဖုရားတွေ ရှိတယ်လို့ မကြားဖူးပြန်ဘူး"

သွမ့်ပိုင်ယွဲ့တစ်ယောက် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်နေရချေပြီ။

"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကျွန်တော် ဆက်မမေးတော့ပါဘူး.... ဟီးဟီး"

သွမ့်ယောင်လည်း အသိပြန်လည်လာသည်နှင့် လန့်ဖျတ်ကာ ခြေနှစ်လှမ်း နောက်ဆုတ်ပြီးသား။သွမ့်ပိုင်ယွဲ့လည်း စိတ်မကြည်စွာ ထွက်သွားနှင့်ချေပြီ။

လက်စသတ်တော့ ဒီလိုကိုး။ ဒါကြောင့်လည်း ဧကရာဇ်ချူ မြို့တော်ကနေ ထွက်သွားတယ်လို့ သတင်းကြားလိုက်ကတည်းက စိတ်တွေညစ်နေရှာတာ။ သူ့ နှလုံးသားလေးပါ ပါသွားလို့နေမယ်။

ဖြစ်သင့်ပါတယ်လေ။ မိုင်ပေါင်းထောင်ချီပြီး ခရီးနှင်လာတာ အခုမျက်နှာလေးတောင်
မမြင်ရသေးတာဆိုတော့ စိတ်ဓာတ်ကျနေတာ မဆန်းပါဘူး။

******

နောင်နှစ်ရက်သုံးရက်ကြာသောအခါ ။

အဘယ်ကြောင့်များ ၀မ်ရယ်နှင့်ရှောင်၀မ်ရယ်တို့ နှစ်ယောက်အတူတူ ထမင်းလက်ဆုံမစားဘဲ သက်သက်စီစားနေကြမှန်း သွမ့်နေ့ပင် နားမလည်နိုင်ခဲ့။ အရာရာတိုင်း အဆင်ပြေချောမွေ့နေခဲ့သည်မဟုတ်လား၊ ညီအစ်ကိုနှစ်ယောက် စကားများကြသည်ဟုလည်း သူ မကြားမိချေ။

*******

ကျန်းနန်၏ လေးလမြောက်ရာသီ။

မိုးဖွဲဖွဲ ရွာသွန်းထားသဖြင့် တောတောင်ရေမြေအသွယ်သွယ်မှာ စိမ်းလန်းစိုပြည်ကာ မျက်စိပသာဒ ရှိလှပေသည် ။သို့သော် မိုးရွာပြီးနောက် ရွှံ့ညွန်ထူထပ်နေသည်မှာမူ အတော်ပင် အဆင်မပြေလှ။

တောင်တန်းများကြားရှိ တောနက်အလယ်တစ်နေရာတွင် လူငယ်တစ်ယောက် နှင့် သူ၏ ဘေးတွင် ခြင်းတစ်ခြင်း။ ထိုလူငယ်လေးမှာ မိုးတိတ်မည်ကို စောင့်နေရင်း တဝါးဝါးသမ်းကာ ပျင်းရိငြီးငွေ့ဟန်ပေါက်နေသည်။ မိုးတိတ်ပြီးမှ ဆေးဘက်၀င်ပင်များကို သွားခူး၍ရမည်မဟုတ်လား။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now