အခန်း -၁ အဆက်

Start from the beginning
                                    

အဘယ်ကြောင့်နည်း။

သူ ချီးမွမ်းလိုက်သောစကားက
ကြမ်းထော်နေလို့များလား။
ဒီထက်ပို၍ နူးညံ့လှပသော ခမ်းနားကြီးကျယ်သော ဥပမာများ အလင်္ကာများ လိုအပ်နေသေးလို့လား ။

မြတ်စွာဘုရား ၊ကယ်တော်မူပါ ။ သူ့မှာ လူပေလူတေ ဓားပြဗိုလ်အဆင့်လောက်ပဲရှိတာမို့ စာတွေကဗျာတွေ မဖွဲ့တတ်ရိုးအမှန်ပါလေ။

"ရှောင်၀မ်ရယ်ခင်ဗျာ ။ ဒီလူက လူသူကင်းဝေးတဲ့ ဟိုး တောကြိုအုံကြားကနေ လာတဲ့ အမိုက်အမဲမို့လို့ စိတ်ထဲမထားလိုက်ပါနဲ့နော် "

"ရှောင်... ၀မ် ....ရယ်... ??"

"ဟွန်း"

(T/N : မင်းညီမင်းသားတွေ ၊ ဒါမှမဟုတ် အခုကိစ္စမှာဆို ရှီးနန်မှာ သွမ့်ပိုင်ယွဲ့က သူကိုယ်တိုင် ဘုရင်ဖြစ်နေတာမို့ တခြားသူတွေက သူ့ကို "Wangye " ၀မ်ရယ်လို့ ခေါ်ပြီး သူ့ကိုယ်သူကို "Ben Wang" ပန်၀မ်လို့ သုံးနှုန်းပါတယ်။ Xiao (ရှောင်)ကတော့ အများသိပြီးတဲ့အတိုင်း အငယ်ဆိုတဲ့သဘောပါပဲ)

ထို့နောက်တွင် မိန်းမပျိုလေး ၊ အတိအကျဆိုရလျှင် ထိုလုလင်ပျိုလေးက မကျေမနပ်
ဆောင့်ဆောင့်အောင့်အောင့် လှည့်ထွက်သွားကာ အိမ်တော်ထဲ ၀င်သွားလေ၏။

"မင်းအပြောအဆိုတွေ သေချာ ဆင်ခြင်စမ်း"

အိမ်တော်ထိန်းမှလည်း သူ့အား
ကြိမ်းမောင်းလာသည်။

"ကံကောင်းပေလို့ ရှောင်၀မ်ရယ်က မင်းကို အရေးမယူတာ ။ ခဏနေ ၀မ်ရယ်နဲ့ တွေ့ရတော့လည်း ခုလို အရိပ်အကဲနားမလည်သေးရင် မင်းရဲ့ခေါင်းတော့ ဇက်ကနေ ပြုတ်ပြီသာမှတ်"

၀မ်တာ့ပေါ်ရင်ထဲ ခါးသက်သက်ကြီး မွန်းကျပ်လို့နေသည်။ ရှီးနန်စံအိမ်တော်အတွင်း ရှောင်၀မ်ရယ်တစ်ဦးရှိကြောင်း ကြားဖူးနား၀ရှိပါရဲ့ ။ ညီအစ်ကိုနှစ်ယောက်လုံး
အကျင့်စရိုက်ချင်း တစ်ထေရာတည်း တူသည်ဟုလည်း ကြားဖူးပါရဲ့ ။

ဘယ်သူကများ ဒီပုံစံနဲ့ ဗြုန်းစားကြီး တွေ့ရမယ်လို့ ထင်ထားမှာတဲ့လဲ။ ရှီးနန်၀မ်လည်း ဒီလို ၀တ်စုံအဖြူဖားယားဖားယားကြီးနဲ့ တစ်အိမ်လုံးလျှောက်ပတ်​သွားတတ်တယ်လို့တော့ ငါ့လာမပြောနဲ့နော်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now