"ဂျုနီယာမောင်လေးမိုက တခြားကျင့်စဉ် မဝယ်နိုင်လောက်အောင် စိတ်စွမ်းအင် ကျောက်တုံး လိုအပ်နေတာလည်း မဟုတ်ဘဲနဲ့  ဘာလို့ လူသားအဆင့် ကျင့်စဉ်  ကျင့်ကြံနေရတာလဲ ... " ချိန်စုယင်က မိုဝူကျီ အပေါ် သံသယအနည်းငယ် ဝင်နေမိသည်။ အကယ်၍ မိုဝူကျီ လျှပ်စီးအခန်းတွင် ကုန်ဆုံးခဲ့သည့် အချိန်ပမာဏကို စဉ်းစားကြည့်မိလျှင် မိုဝူကျီသည် တခြားကျင့်စဉ် မဝယ်နိုင်လောက်အောင် ဆင်းရဲနေခြင်း မဖြစ်နိုင်ပေ။ ထို့အပြင် သူသာ မတတ်နိုင်ပါက သူသည် ကောင်းကင်ဖွေရှာနန်းတော်၏ အမှတ်များဖြင့် တခြားကျင့်စဉ်ကို ဈေးနည်းနည်းဖြင့် ဝယ်ယူနိုင်လေသည်။ ကောင်းကင်ဖွေရှာနန်းတော် တပည့် တစ်ယောက် ဖြစ်နေသရွေ့ ကောင်းကင်ဖွေရှာနန်းတော်၏ ကျင့်စဉ်များကို တတ်နိုင်လိမ့်မည်။

မိုဝူကျီက ရိုးရိုးသားသား ပြောလိုက်သည် "စီနီယာအစ်မချိန် .. ကျွန်တော် ဒီကျင့်စဉ်ကို ဝယ်တုန်းက လက်ထဲ စိတ်စွမ်းအင် ကျောက်တုံး  သိပ်မရှိဘူးဗျ .. တခြားစကားနဲ့ဆိုရင် ကျွန်တော်က မတတ်နိုင်ဘူးပေါ့ဗျာ။ ကျွန်တော့်ဆီမှာ စိတ်စွမ်းအင် ကျောက်တုံး လုံလုံလောက်လောက် ရှိလာတော့ တခြားကောင်းတာတွေ သတိပြုမိပေမဲ့ မပြောင်းတော့တာ ..  "

ချိန်စုယင် မျက်နှာထားက လေးနက်လာပြီး ပြောလိုက်သည် "ဂျုနီယာမောင်လေးမိုမှာ အခွင့်အရေးရှိရင် တခြားကောင်းတဲ့ ကျင့်စဉ်နဲ့ လဲဖို့ အကြံပေးချင်တယ် ... "

သူမက မိုဝူကျီကို နောင်ကျ အခြေခံ ကျင့်စဉ်ကို အင်မော်တယ် မော်တယ် ကျင့်စဉ်ဟု မခေါ်သင့်ကြောင်း အကြံပေးချင်သော်လည်း သူမက မိုဝူကျီနှင့် မရင်းနှီးသေးသည်ကို အမှတ်ရမိလိုက်သည်။ ထို့အပြင် သူမက မိုဝူကျီသည် ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုး  ၏ ဒုတိယပုံစံကို ဖန်တီးနိုင်လိမ့်မည်ဖြစ်ပြီး သူမနှင့် လဲလှယ်နိုင်လိမ့်မည့် ဟူသော အကြောင်းကို လက်လျော့လိုက်တော့သည်။

အင်မော်တယ် မော်တယ် ကျင့်စဉ်ပေါ်တွင် မူတည်ထားသော လျှပ်တပြက် လျှပ်စီးကို မိုဝူကျီ ကျင့်ကြံနိုင်ခြင်းသည် အမှန်ပင် ကံကောင်း၍ ဖြစ်လိမ့်မည်။ ကျန်ရှိနေသော ပုံစံခြောက်မျိုးအတွက် မေ့ထားတာ ပိုကောင်းလိမ့်မည်။.

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now