chapter 180

Mulai dari awal
                                    

နယ်ခြားကျင့်ကြံသူများနှင့် ဖြစ်ရပ်ကြောင့် ဖွားဖွားလင်းလောင်က ရှီကျင်းဝမ်ကို ယန်အာဘေးတွင် နေရန် စီမံထားပေးခဲသည်။ ရှီကျင်းဝမ်က မြေကမ္ဘာအဆင့် ၆ ဆေးလုံးဆရာ ဖြစ်ရုံတင်မက သူမ အင်အားသည်လည်း ကောင်းကင်ဖွေရှာနန်တော်အတွင်း အသိအမှတ်ပြုခံရသည်။

"မိုဝူကျီ ... ရှင်က ကျွန်မကို ကယ်တင်ပေးဖို့ ဆရာဆီ ပို့ပေးပြီးတောင်းဆိုခဲ့တဲ့ သူလား .."ယန်အာက ထိုနာမည်ကို ကြားသောအခါ သူမက ချက်ချင်း လှည့်ကြည့်လိုက်သည်။

မိုဝူကျီက တုန်လှုပ်တကြီး ဖြစ်သွားလေသည်။ တစ်ယောက်ယောက်က ယန်အာကို သူ့အကြောင်း ပြောပြလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဖြစ်နိုင်တာက ဖွားဖွားလင်းလောင် ကိုယ်တိုင် ပြောပြထားခြင်း ဖြစ်လိမ့်မည်။

"ဟုတ်ပါတယ် ...  ယန်အာ မင်းက တကယ်ပဲ အတိတ်ကို မမှတ်မိတော့ဘူးလား .." မိုဝူကျီက အလောတကြီး မေးလိုက်သည်။

ယန်အာက မိုဝူကျီကို စကားစပြောသည်ကို မြင်၍ ရှီကျင်းဝမ်က မကျေနပ်သော်လည်း ဘာမှတော့ မပြောပေ။ ယန်အာက ဆေးလုံးဘုံးစေတီ၏ ရတနာ တစ်ပါးတင်မကဘဲ ကောင်းကင်ဖွေရှာနန်းတော် တစ်ခုလုံး၏ ရတနာလည်း ဖြစ်ပေသည်။

ယန်အာက နူးညံ့စွာ ပြောလိုက်သည် "အစ်ကိုကြီးမို ကျွန်မက အတိတ်ကို မမှတ်မိပေမဲ့ ဆရာက ရှင့်အကြောင်း အများကြီး ပြောထားပါတယ်။ သူမက ရှင့်ရဲ့ ကြင်နာမှုတွေကို အမြဲတမ်း အမှတ်ရရမယ်လို့ ပြောထားတယ်။ ရှင်သာ ကျွန်မကို မကယ်ရင် ကျွန်မ သေတာ ကြာလောက်ပြီတဲ့ ..."

မိုဝူကျီက ယန်အာအသံတွင် ကျေးဇူးတင်မှုကို ခံစားမိသော်လည်း ဝမ်းမြောက်မပျော်ရွှင်မိပေ။ ယန်အာသည် သူဆီ လာလာကပ်နေတတ်ပြီး သူ့အတွက် အရာအားလုံး လုပ်ပေးတတ်သည့် မိန်းမငယ်လေး မဟုတ်တော့ပေ။ သူမတွင် ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်အတွေးတို့ ရှိသွားလေပြီ။

မိုဝူကျီက မြောက်ဖက်ပိုင်း ချင်စီရင်စုနှင့် ချင်ယွီပြည်နယ်အကြောင်း ဆက်ပြောပြချင်၏။ ဖွားဖွားလင်းလောင်က ထိုကိစ္စများကို သိမထားသည့်အတွက် သူမကို ကိုယ်တိုင်ပြောပြဖို့ လိုအပ်လေသည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Tempat cerita menjadi hidup. Temukan sekarang