မိုဝူကျီက အစီအရင်တာအိုတွင် အဆင့်နိမ့်ကောင်း နိမ့်နိုင်သော်လည်း သူက အသိနှေးသည့်သူတော့ မဟုတ်ပေ။

တစ်ယောက်ယောက်အတွက် ထိုတီများကို ဤနေရာတွင် ပိတ်ထား၍  အနီးအနားတွင် တန်ဖိုးရှိ ရတနာ တစ်ခုခု သို့မဟုတ် လှည့်ကွက် တစ်ခုခု ဖြစ်ကောင်း ဖြစ်နိင်သည်။

မိုဝူကျီက ထိုအတွေးကို ခေါင်းခါလိုက်သည်။ အကြောင်းမှာ သူသည် သိသော်လည်း ဘာမှ မလုပ်ဆောင်နိုင်ချေ။ သူ့စွမ်းဆောင်ရည်နှင့် အင်အားဖြင့် သူ့အတွက် အဖြေရှာနိုင်မည့် နည်းလမ်း မရှိပေ။ ထို့ကြောင့် ပစ္စည်းက  မည်မျှပင် ကောင်းနေပါစေ သေချာပေါက် သူ့အပိုင် ဖြစ်မည် မဟုတ်ပေ။

အင်အားအကြောင်း တွေးမိသောအခါ မိုဝူကျီက အချိန်မဖြူန်းဘဲ ချက်ချင်းပင် အရှိန်မြင့်လိုက်တော့သည်။

ရိုးရိုးလေးချီဆိုင်တွင် ရိုးရိုးလေးချီကား  မိုဝူကျီနှင့် အရောင်းအဝယ်ပြီးသည်နှင့်  သူ့၏ ရိုးရှင်းလှသည့် ဟန်ပန်ဖြင့် ဆိုင်ထောင့်တွင် ထိုင်နေလေသည်။  သူက သူ့တူဖြင့် ဆက်တိုက် ထုနေလေသည်။

ဘာကိုမှ အသိမပေးဘဲ သူက ရုတ်တရက် ထရပ်လိုက်ရင်း သူလက်ထဲမှ အရာအားလုံးကို လွင့်ပစ်လိုက်တော့သည်။

ရိုးရိုးလေးချီ မတ်တပ်ရပ်လိုက်သည်နှင့်  တစ္ဆေနှင့် တူသည့် အမျိုးသမီးက ချက်ချင်း ပေါ်လာကာ "ဘာဖြစ်လို့လဲ ... "

ရိုးရိုးလေးချီက ပျောက်ဆုံးကောင်းကင်မြို့ပျက်မှ တည်နေရာကို လက်ညိုးထိုးပြကာ "အဲကောင်လေး ... သူက နတ်ဘုရားရွှေနေကြာကို သွားရှာတာ ပြီးတော့ သူတွေ့သွားပြီ .... "

"သေချာရဲ့လား .." အမျိုးသမီး အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ုတုန်ယင်ယင် ဖြစ်နေပြီး ရိုးရိးလေးချီကို ဆွဲလိုက်ပြီး "ဒါပေမဲ့ ငါတို့ သူ့ကို ရောင်းလိုက်တဲ့ စာအုပ်မှာ နတ်ဘုရားရွေနေကြာအကြောင်းမှ မပါတာ ... ဟုတ်တယ်မလား ... "

ရိုးရိုးလေးချီလက်က တုန်ယင်နေဆဲ ဖြစ်ကာ  ပြောလိုက်သည် " သေချာတာပေါ့ တစ်ရာ ရာခိုင်နှုန်း သေချာတယ်။ သူ့အပေါ် ထားထားတဲ့ အမှတ်အသားကနေ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ အရင်တုန်းက ကျန်းမိုပျောက်ဆုံးနယ်မြေထဲမှာ နတ်ဘုရားရွှေနေကြာ နည်းနည်းလေး ရှိခဲ့တယ်။ ကျုပ်ကိုယ်တိုင် မြင်ခဲ့တာ ... အဲဒါကြောင့် အားပြင်းပြင်း အငွေ့အသက်ကို မေ့နိုင်မှာ မဟုတ်ဘူး .. ဒီပျောက်ဆုံးကောင်းကင်မြို့ပျက်ထဲမှာ ပေါ်လာမယ်လို့ မထင်မိဘူး ... "

လူသားသစ်စာ (Zawgyi version) (1 - 200)Opowieści tętniące życiem. Odkryj je teraz