ဆေးလုံးဆရာရုံကို ဖြတ်ပြီး တည်ရှိနေသည်က နက်ရှိုင်းလွန်းပြီး ကျယ်ပြန့်လှသည့် စမ်းချောင်း ဖြစ်နေသည်။ စမ်းချောင်းအနက်ပိုင်းတွင် တိမ်များဖြင့် ဖုံးလွမ်းနေပြီး တစ်ခါတရံ လေချွန်သံများ ထွက်ပေါ်လာလေ၏။

စမ်းချောင်းအပေါ်ပိုင်းတွင် စမ်းချောင်းအမျိုးမျိုးက ဆေးလုံးဆရာရုံနှင့် ဆက်စပ်နေလေသည်။ နေရောင်မှ အလင်းများ ဖြာကျနေပြီး ထိုတံတားများက တည်နေရာမျိုးစုံသို့ ဦးတည်ထားလေ၏။ တံတားတချို့ကို သံကြိုးဖြင့် ပြုလုပ်ထားပြီး၊ တချို့ကို သစ်သားဖြင့် တည်ဆောက်ထားလေသည်။ တချို့တံတားများက လှည်းဖြတ်ဖို့ရာအထိ ကျယ်ဝန်းလေ၏။

မိုဝူကျီက ဆေးလုံးဘုံစေတီကို တစ်ခါမျှ မရောက်ဖူးသော်လည်း  သူသည် ထိုတံတားများအဆုံးတွင် ဂိုဏ်း၏ ထိပ်တန်းဆေးလုံးဆရာများ နေထိုင်သည့် အဆောက်အဦးများဆီ ဦးတည်ထားကြောင်း သိ၏။

နှုတ်ခမ်းမွေးဖြူအကြီးအကဲက စမ်းချောင်းဘေးတွင် ထိုင်နေရင်း သူ့လက်ထဲတွင် ငါးမြှားတံ ကိုင်ထားလေသည်။ သူ့ငါးမြှားတံက စမ်းချောင်းထဲသို့ ချထားလိုက်ပြီး ငါးတချို့ ရရန် ကြိုးစားနေလေသည်။ သို့သော်လည်း မိုဝူကျီက ငါးဖမ်းတံမှ ကြိုးကို မတွေ့ရပေ။ ထို့အပြင် ဤစမ်းချောင်းက ချောက်နှင့်ပိုတူပြီး ငါးကန် မဟုတ်သည့်အတွက် ငါး မည်သို့ ဖမ်းလို့ ရမည်နည်း။

"စီနီယာ ... ဒီဂျုနီယာလေးက ဖွားဖွားလင်းလောင်ဆီ သွားချင်လို့ပါဗျ ... ဘယ်တံတားက သူမ နေရာများ ရောက်နိုင်လဲဗျ ... " မိုဝူကျီက အရိုအသေပေးရင်း လေးလေးစားစား မေးလိုက်သည်။

နှုတ်ခမ်းမွေးဖြူ လူအိုကြီးက မိုဝူကျီကို ကြည့်လိုက်ရင်း ခက်ခက်ခဲခဲ ပြောလိုက်သည် "မမြင်နိုင်တဲ့ တစ်ခု ..... "

ထို့သို့ ပြောပြီး စမ်းချောင်းဆီသာ အာရုံပြန်စိုက်သွားတော့သည်။ မိုဝူကျီ ဘာမေးသည်ဖြစ်ဖြစ် သူက တစ်လုံးမျှပင် ပြန်မဖြေတော့ပေ။

မိုဝူကျီက အမှန်ပင် ကူကယ်ရာကင်းမဲ့နေ၍ ဘေးတွင် အသာမတ်တပ်ရပ်ရင်း စောင့်နေလိုက်တော့သည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now