အောက်တွင် အေးခဲပြီး သေလုမတတ် ဖြစ်ခဲ့သည့် ဆုလာဘ်အနေနှင့် အနည်းဆုံးတော့ ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုး ၏ ပထမပုံစံကို အောင်မြင်ခဲ့၏။ ဖြစ်နိုင်သည်က သူ သင်ယူလိုက်ရသည်က အစစ်အမှန် ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုး မဟုတ်လောက်ပေ။ ထို့အပြင်  ရုပ်ပြပုံကလည်း မပြည့်စုံသည့်အတွက် စွမ်းအား လှည့်ပတ်ခြင်း လမ်းကြောင်းကား မရှင်းလင်းပေ။ ထိုမသေချာ မရေရာမှုများကို အင်မော်တယ် မော်တယ်ပညာရပ်မှ နားလည်နိုင်စွမ်းပေါ် မူတည်၍ ဖြေရှင်းထားခြင်း ဖြစ်သည်။

မည်သို့ပင် ဖြစ်နေပါစေ... သူက လျှပ်စီးတိုက်ခိုက်မှုများကို ထိန်းချုပ်နိုင်လေပြီ။

ထိုစဉ် မိုဝူကျီက သူ့စွမ်းအားကို လှည့်ပတ်လိုက်ပြီး လက်ဟန် အမျိုးမျိုးကို သုံးလိုက်ကာ လက်တစ်ဖက် ထုတ်လိုက်တော့သည်။ စွမ်းအား ခြောက်ချက်၊ ခုနှစ်ချက်လောက် ထွက်ပေါ်လာကာ သူ့အနီးတွင် လျှပ်စီးများ တလက်လက် တောက်ပသွားတော့သည်။

ဝမ်းနည်းစရာ ကောင်းသည်က ဝေဟင်လျှပ်စီးဟန်ပန် ခုနှစ်မျိုး၏  ပထမပုံစံက အရမ်းတော့ ကျေနပ်စရာ မကောင်းလှပေ။ ဝိညာဉ်စွမ်းအားများသာ လွင့်ထုတ်လျှင် လျှပ်စစ်စက်ဝန်းများ ပေါ်မလာပေ။ ဝိညာဉ်စွမ်းအားသည် ထုတ်လွင့်လိုက်သည်နှင့် လျှပ်စီး တိုက်ရိုက် ထွက်ပေါ်လာမည့်အစား လျှပ်တပြက် လျှပ်စီး တလက်လက်သာ ထုတ်လွင့်နိုင်သည်။ ရလဒ်အနေနှင့် ထိုပညာရပ်၏ ကျွမ်းကျင်လှပမှုကား လစ်ဟာနေလေသည်။

နောက်တစ်ကြိမ် မိုဝူကျီက လက်ဟန်ကို သုံးလိုက်သည်။ ဤတစ်ကြိမ်တွင် သူက ဝိညာဉ်စွမ်းအားများကို မထုတ်လွှင့်ဘဲ အတူတကွ စုစည်းထားလိုက်သည်။ "ဘမ်း.." အရင်ကထက် အဆများစွာ ကြီးမားသော လျှပ်စီးက ပေါက်ကွဲသွားကာ သူ့ရှေ့ရှိ မြေကြီးများကိုပင် မီတာအနည်းငယ်အထိ လွင့်စင်သွားလေ၏။ လျှပ်စီးမီးပွားများနှင့် မာကျောသော မြေကြီးသည် ပေါက်ကွဲသွားကာ ကြမ်းပြင်ရှိ ရေခဲအပိုင်းအစများက ချက်ချင်းပင် အစိတ်စိတ်အမွာမွာ ကြေသွားတော့သည်။

မိုဝူကျီက သူ့လက်ကို အားရကျေနပ်စွာ ကြည့်လိုက်သည်။ ဝေဟင်လျှပ်စီး ဟန်ပန်ခုနှစ်မျိုး ပညာရပ်၏ ပထမပုံစံကား မျက်စိပသာဒ မဖြစ်သောလည်း အရမ်းကို လက်တွေ့ကျ၏။ သို့သော် လိုအပ်ချက်ကား ပညာရပ်၏ ထိရောက်သော အကျိုးသက်ရောက်မှုကို လျော့နည်းစေသည့် လျှပ်စီး မပျောက်ကွယ်သွားရန် ဖြစ်၏။

လူသားသစ်စာ (Zawgyi version) (1 - 200)जहाँ कहानियाँ रहती हैं। अभी खोजें