Sequel - 1

1.7K 138 3
                                    

[Zawgyi version]

"ယောက်ျား... Aeri ကို မူကြိုပို့ပြီးတာနဲ့ အလုပ်တန်းသွားမှာမလား.. "

Aeri လွယ်အိတ်ကို Chanyeol လက်ထဲပေးရင်း ပြောတော့ Chanyeol က ခေါင်းညိတ်ပြကာ ယူသည် ။

"Aeri ah... Omma ညနေလာကြိုမှာမို့ Appa စကားရော ဆရာမစကားရော နားထောင်နော်... "

Aeri ကို မူကြိုပို့ပြီး ပြန်ထွက်လာတော့ အကွေ့မှာ ကားတိုက်မိမလိုဖြစ်သွားတယ်... တိုက်မိတာကလည်း ကျောင်းသူလေး....

"ငါဆေးရုံလိုက်ပို့ပေးမယ်... "

ဆေးရုံရောက်တော့ သူမခြေထောက်က အရိုးအက်သွားတာတဲ့လေ.... ကျောက်ပတ်တီးစီးပေးထားတာမို့ ၂ပတ်နေပြီး ပြန်ဖြေလို့ရပြီတဲ့... ဒါကြောင့်ပဲ ကိုယ်က အလိုက်သိစွာ ကျောင်းအကြိုပို့လုပ်ပေးမယ်လို့ ပြောလိုက်တယ် .... တကယ်တမ်း အကြိုအပို့လည်း ၃ရက်ထက်ပိုမလုပ်ခဲ့ရပါဘူး.... ဘာတဲ့.. ကြိုပို့မယ့်သူရှိလို့ အဆင်ပြေပါတယ်တဲ့... ကောင်မလေး ပုံစံက ခပ်ဆိုးဆိုးလေး... ဆံပင်ဂုတ်ဝဲလောက်ကိုမှ အရောင်တွေ ဖောက်ပြီးဆိုးထားတယ်.. (highlight ဖောက်ခြင်း) ... ဒီလိုပဲ မေ့မေ့ပျောက်ပျောက်နေနေရင်း ၁၀ရက်လောက်ကြာတော့ သူတို့ကျောင်းနားက ကားမှတ်တိုင်ကို အမှတ်မထင် ဖြတ်လာရင်း အဲ့ကောင်မလေးကို တွေ့တယ်... ကျောက်ပတ်တီးနဲ့ ကားမှတ်တိုင်မှာ ထိုင်ပြီး ဆေးလိပ်သောက်နေတာ.. မိုးကလည်းရွာနေတာမို့ ကားမှတ်တိုင်မှာ ကားရပ်ပြီး..

"မင်းမပြန်သေးဘူးလား... "

"သြော်... အင်း... မိုးတိတ်မှ "

သူမက ဖြေပြီးတာနှင့်တပြိုင်နက် ဆေးလိပ်ဆက်သောက်နေသည် ။

"ကားပေါ်တက်... လိုက်ပို့ပေးမယ်... မင်းခြေထောက်က အဆင်ပြေမှာမဟုတ်ဘူး ရေစိုရင်... "

သူမက ပြန်တောင်မဖြေဘဲ ထကာ ကားဆီလျှောက်လာသည်..

"ငါ့ကားပေါ်တက်ရင် ဆေးလိပ်ကို လွှင့်ပစ်ခဲ့... "

သူမက ပခုံးတွန့်ကာ ဆေးလိပ်ကို မြေကြီးပေါ်ပစ်ချပြီး ဖိနပ်နဲ့ဖိချေကာ ကားပေါ်တက်လာသည် ။

"ဘယ်ကိုပို့ပေးရမလဲ.... "

".........." "Arjashi က ဘယ်သွားမှာလဲ "

She Is A Baby (ChanBaek)Where stories live. Discover now