Episode 15

2K 146 2
                                    

"ဘာ... စေ့စပ်ပွဲ!!!! "

Chanyeol နဲ့ Sehun ဆီကနေ သံပြိုင်ထွက်ပေါ်လာသည် ။

"Yah ~~~~~~ နောက်ဆုံးတော့ မင်းအောင်မြင်သွားပြီပဲ.. Congratulations Jongin "

ထပြီး လက်ဆွဲနှုတ်ဆက်နေသော လက်၂ခုကို Sehun ကဆွဲဖြုတ်လိုက်ပြီး

"ပြောစမ်းပါဦး... မင်းနဲ့ Noona တခါမှ မတွဲဖူးပဲနဲ့ စေ့စပ်တယ်ဆိုတော့ လူကြီးတွေပေးစားလို့ပဲဖစ်မယ် "

"Sehun ရာ... Kyungsoo Noona က လူကြီးတွေ ပေးစားတိုင်း ယူမယ့်သူမှမဟုတ်တာ .. ငါလည်းသိချင်တယ်.. ပြောစမ်းပါဦး "

Kyungsoo Noona သည် Jongin တို့ ဘေးအိမ်က မမ ဖြစ်ပြီး ငယ်ငယ်ကတည်းက ကစားဖော်လည်းဖြစ်သည် ။ မူလတန်းကတည်းက ချစ်ခဲ့ရတဲ့ အချစ်ဦးလည်း ဟုတ်သည် ။ Jongin ဘဝမှာ ပတ်သတ်ဖူးတဲ့ တစ်ဦးတည်းသော သူစိမ်းမိန်းကလေးလည်း ဖြစ်ပြန်သည် ။ Kyungsoo ရဲ့ နှလုံးသားကို ရဖို့က Jongin အတွက်မလွယ်ကူပါ ။ အလယ်တန်း ကနေ ယနေ့ထိ ၉ခါ ငြင်းခံရပြီးမှ ရရှိလာသော နှလုံးသားဖြစ်သည်မို့ အခုချိန်တွင် အပျော်ဆုံးလူသားမှာ Jongin ပဲဖစ်လိမ့်မည်။ Kyungsoo အတွက်လည်း Jongin ဟာ သူမကို ဇွဲအကောင်းဆုံး ချစ်ခွင့်ပန်သူဖြစ်ပြီး ပထမဆုံး ရွေးချယ်ခဲ့သူလည်းဖြစ်သည် ။ Kyungsoo ဟာ ငယ်ငယ်ကတည်းက စာတော်သူပီပီ သမီးရည်းစားကိစ္စစိတ်မဝင်စားဘဲ စာပဲကြိုးစားမည် ဆိုပြီး ငြင်းခဲ့သည် ။ ဆေးကျောင်း ၆နှစ်တက်တော့လည်း စာတွေနဲ့ အလုပ်တွေ ရှုပ်သည်မို့ ရည်းစားမထားချင်သေးဟု ငြင်းပြန်သည် ။ အလုပ်သင်ဆရာဝန် ဘဝကနေ Surgeon ဖြစ်ဖို့ ဆေးရုံမှာ ပြေးလွှားနေချိန်မှာလည်း Surgeon ဖြစ်မှ စဉ်းစားမယ်တဲ့လေ... Surgeon ဖြစ်တော့ Kyungsoo အသက် ၃၀.. Jongin က ၂၇ ပေါ့.. မကြာပါဘူး... ကျောင်းဆက်တက်မယ်ဆိုပြီး US မှာ ကျောင်းသွားတက်တာ ၂နှစ်... အခုမှ ပြန်ရောက်လာတာ... Kyungsoo ကို Jongin စောင့်ခဲ့တာ ၁၅ နှစ်တောင်လေ.. ဒီလိုလူကိုမှ မရွေးချယ်ရင် ဘယ်လိုလူကိုရွေးချယ်မလဲ...

"ဟိုတစ်နေ့က Noona ကို Dinner လိုက်ကျွေးပြီး ပြန်လာတော့ ငါအရဲစွန့်ပြီးဖွင့်ပြောလိုက်တယ်... Noona က အရင်ကလို တန်းပြီး မငြင်းတော့ ငါလည်း ထပ်အရဲစွန့်ပြီး Noona ကို နမ်းလိုက်တာ.. အဲ့မှာ Noona အမေဆီမှာ မိသွားပြီး ငါ့အိမ်က လူကြီးတွေပါ Noona အိမ်ရောက်လာပြီး တွဲနေတဲ့အကြောင်းကို ဖုံးထားတယ်.. အသက်ကလည်း မငယ်တော့ဘူး.. လက်ထပ်သင့်နေပြီဆိုပြီး ပြောတာပေါ့.. လူကြီးတွေ စကားပြောမယ် ငါတို့ကို အထဲဝင်နေဆိုပြီး ပြောတော့ ငါတို့် Noona အဖေ စာဖတ်ခန်းထဲဝင်နေကြတာပေါ့.. ငါက မေးတယ်.. Noona ကျွန်တော့်ကို လက်ထပ်နိုင်ရဲ့လား.. ကျွန်တော်က ပျော်ပေမယ့် Noona မပျော်ရင် မိဘတွေကို ကျွန်တော် အချိန်ခဏစောင့်ဖို့ ပြောပါ့မယ် ဆိုတော့ Noona က ငါ့ကို ထပ်မစောင့်ခိုင်းတော့ဘူးတဲ့.. ငါစောင့်နေရတာ အရမ်းကြာပြီတဲ့.. အဲ့မှာ ငါလည်း Noona လက်ဆွဲပီး လူကြီးတွေရှေ့မှာ ငါတို့ကို လက်ထပ်ခွင့်ပေးပါဆိုပြီး K.O လိုက်တာ.. " (K.O = ဂိမ်းတွင်အနိုင်ရ)

She Is A Baby (ChanBaek)Where stories live. Discover now