Episode 18

1.9K 161 16
                                    

Door bell ring ~~~

တံခါးသွားဖွင့်​ပေးတော့ လက်ထဲမှာ အထုပ်တွေနဲ့ ဝင်လာတဲ့ Sehun နဲ့ Jongin က မှုန်ကုတ်နေတဲ့ Baekhee ကိုကြည့်ပြီး

"ဘာစားပြီးပြီလဲ "

သူမ ခေါင်းခါပြတော့ Jongin က ဝယ်လာတဲ့ စားစရာတွေကို ပန်းကန်ထဲထည့်ပေးတယ် ။ Sehun က ရေခဲသေတ္တာထဲကို တခြားစားစရာတွေထည့်နေရင်း

"အားနေငိုမနေနဲ့... အစားလေးဘာလေးစားဦး.. Kyungsoo Noona က မအားတဲ့ကြားကနေ ချက်ပေးလိုက်တာ "

အဘွားကြီးလို ပွစိပွစိပြောနေတဲ့ Sehun Oppa ကို ကြည့်ရင်း ကိုယ်ဘာလုပ်လုပ် ဘာမှမပြောဘဲ ကြည့်နေတတ်တဲ့ ကိုကို့ကို သတိရလာပြန်သည် ။ ကိုကို အခုချိန် ဘာများလုပ်နေမလဲနော် ။ ဇွန်းတပ်ပြီး ရှေ့လာချပေးတဲ့ bibimbap ကိုကြည့်ပြီး ကိုကိုလုပ်ကျွေးတဲ့ Spaghetti ကိုပဲ တမ်းတမိတယ် ။ လွမ်းလိုက်တာ.... ဘယ်နှရက်မှတောင် မရှိသေးဘူး ။

"Sehun ah .... Noona က ပြောစရာရှိလို့ စောစောပြန်ခဲ့တဲ့.. ငါသွားတော့မယ်.. ကလေးစားပြီးတဲ့အထိ စောင့်နေပေးလိုက်နော် "

ပြောပြီး Jongin ထွက်သွားတော့ ထမင်းစားပွဲမှာ ထမင်းကို ဇွန်းနဲ့ မွှေနှောက်ပြီး မစားချင်စားချင်လုပ်နေသူကို ထားခဲ့ကာ TV ဖွင့်ကြည့်နေလိုက်သည်။

"Baekhee... မင်း Idol သဘောကျလား"

"Idol? သဘောကျတာလည်း ရှိပါတယ်"

ဇွန်းဖြင့်မွှေနှောက်ရင်းမှ ပြန်ဖြေပြီး Sehun ရှိရာကို လှမ်းကြည့်တော့ Music Bank ကြည့်နေသည် ။

"ဒေါ့ဂျီမလုပ်ချင်ဘူးလား "

Sehun စကားကိုကြားတော့ ထမင်းပန်းကန်လေးသယ်လာပြီး Sehun ဘေးက ဆိုဖာပေါ်မှာ လာထိုင်သည် ။

"ဒေါ့ဂျီလုပ်တာ ပိုက်ဆံဘယ်လောက်ကုန်တယ်မှတ်လဲ? လွယ်တဲ့အလုပ်မဟုတ်ဘူး "

"အဲ့ပိုက်ဆံငါပေးမယ်... ဒေါ့ဂျီလုပ်လို့ ကုန်ကျသမျှငါပေးမယ်... အကုန်ငါဝယ်ပေးနိုင်တယ် "

Sehun Oppa သည် Game Company တစ်ခုမှာ အကြီးတန်း Software ရေးဆွဲသူဖြစ်ပြီး Share ရှင်လည်း ဖြစ်သည် ။ ထူးဆန်းစွာပဲ Oppa ၃ယောက်လုံးသည် သူတို့ပိုက်ဆံကို ကျွန်မအတွက် သုံးဖို့အဆင်သင့်ဖြစ်နေကြသည်လေ ။ ပိုထူးဆန်းသည်က တခါမှပင် အကောင်းမပြောဖူးတဲ့ သူက သူ့ပိုက်ဆံတွေကို ကျွန်မအတွက်သုံးမည်တဲ့လေ ။
××××
ဒေါ့ဂျီလုပ်ရတာ လွယ်တဲ့အလုပ်တော့မဟုတ်ပါ ။ ကျောင်းကိစ္စတွေလည်း မလစ်ဟင်းရလေအောင် ။ အပြင်မှာ အချိန်ပိုင်း ပန်းချီသင်တာလေးလည်း မထိခိုက်အောင်...  ပြီးတော့ Idol အပေါ်လည်း မလစ်ဟင်းအောင် အဘက်ဘက်ကနေ ကြိုးစားရတာပေါ့ ။ ရိုက်လာတဲ့ပုံတွေလည်း ပြန်တင်ပေးရတဲ့ တစ်လုပ်ကရှိသေးတယ် ။ တခါတလေ စိတ်ကူးပေါက်ရင် သူလုပ်ပေးမယ်ဆိုပြီး အိမ်မှာလာပြီး ဓာတ်ပုံပြင်နေတတ်တဲ့ Sehun Oppa ကလည်း Fan boy များလား ထင်မှတ်ရလောက်တယ် ။ တခြား Fan site တွေလို နှစ်ရှည်လများ ဒေါ့ဂျီမဟုတ်ပေမယ့် အသံကျယ်တဲ့ ကိုယ့်ဆိုင်ကယ်ကြောင့် လူသိများတယ်ပြောရမယ် ။ အဲ့လို ဆိုင်ကယ်ကြီးနဲ့ ရောက်ကောက်လာတဲ့ Fan Site Admin ကို သတိထားမိတာ မဆန်းကြယ် ။ ဒါ့အပြင် ကိုယ်လက်ဆောင်ပေးလိုက်တဲ့ ပုံတူပန်းချီကို ကိုယ့်Idol က IG မှာ တင်ထားတော့ ပိုပြီး မျက်နှာပွင့်ရတာပေါ့ ။ ဒေါ့ဂျီလုပ်တာက လွမ်းတဲ့စိတ်ကို သက်သာစေတယ်လေ ။

She Is A Baby (ChanBaek)Where stories live. Discover now