Episode 25

2K 158 11
                                    

ကိုယ်ပေးတဲ့ ပစ္စည်း ကိုယ်ဖျက်ဆီးရတဲ့ အဖြစ်က ရောက်လာခဲ့တယ် ။ ကိုကိုက သာမန်လူတစ်ယောက်အနေနဲ့ သိပ်ကိုကြည့်ကောင်းလွန်းနေသည် ။ Show room က ဝန်ထမ်းကောင်မလေးတွေက တစ်မျိုး  .. marketing ပိုင်းက ဝန်ထမ်းတွေက တစ်မျိုး... အမျိုးမျိုးသော စနိုက်တွေကြားမှာမှ ကိုယ့်ဥထားတဲ့သူက နိုက်ချင်စရာ ရွှေဥကြီးဖြစ်နေတာကိုး ။ ဝန်ထမ်းတွေက အထက်လူကြီးမလို့ နည်းနည်းဆင်ခြင်ကြပေမယ့် မဆင်ခြင်တဲ့ အဘွားကြီးလည်း တစ်ယောက်ရှိသေးသည် ။ ကိုကိုကပြောတော့ business partner  တဲ့.. ဒါမယ့် သူ့ကိုယ့်သူ life partner မှတ်နေတယ် ။ ကိုကို့ ရုံးကို ချောင်းပေါက်မတတ်ကို သွားနေသည်ကို ခိုင်လုံတဲ့သတင်းရပ်ကွက်ကရထားပြီးသား ။ အခုလည်း ကိုကို့ကားကို မြို့ထဲမှာတွေ့လိုက်လို့ နောက်ကနေလိုက်ကြည့်တော့ အမယ်.... ကကို အဲ့ဘွားတော်က မောင်းလာတာ... အဲ့ဘွားတော် ကားခဏရပ်တုန်း ဆိုင်ကယ်ဦးထုပ်နဲ့ ကားမှန်ကို အားကုန်ရိုက်ချပစ်လိုက်တယ် ။ ကားမှန်ကြေသွားသည်နှင့်တပြိုင်နက် ဘွားတော်လည်း သွေးရူးသွေးတန်းနဲ့ ဆင်းလာတယ် ။

"ဟဲ့.... ဘယ်လိုလုပ်လိုက်တာလဲ... နင့်ကို ရဲတိုင်မယ်... ဒီကား ဘယ်လောက်တန်လဲ နင်သိရဲ့လား... နေဦး ရဲစခန်းရောက်မှရှင်းမယ် "

မကြာပါဘူး.... ရဲစခန်းရောက်သွားပါလေရော.... ကပ်ကပ်လန်ပြီး ရဲကိုတိုင်နေပုံက အားနွဲ့တဲ့ မိန်းမသားပါပေါ့...

"ကျွန်မ ကားပိုင်ရှင်နဲ့ပဲ စကားဆက်ပြောမယ်.... ကားပိုင်ရှင်ကို ခေါ်ပေး "

ကားပိုင်ရှင်အထာနဲ့ ဖြဲခြောက်နေတဲ့ မိန်းမက အင်တင်တင်နဲ့ ဖုန်းထုတ်ဆက်သည်။

"ကျောင်းသူလည်း အုပ်ထိန်းသူကို ဖုန်းဆက်ခေါ်ပါ "

ကျွန်မလည်း Sehun Oppa ကို ဖုန်းဆက်ပြီး ကိုကို့ကိုမပြောဖို့နဲ့ ရဲစခန်းမှာ ရောက်နေကြောင်းဖုန်းဆက်လိုက်သည် ။ မကြာပါဘူး... ဖရိုဖရဲနဲ့ ပြေးလာတဲ့ အုပ်ထိန်းသူ ၂ယောက်.....

"Baekhee ah..... ဘယ်လိုဖြစ်တာလဲ... ထိခိုက်မိသွားသေးလား.... ပြောပါဦး.. စိတ်ပူလိုက်တာ "

Jongin Oppa ကတော့ သူပီသစွာပဲ မနားတမ်းကို မေးတော့တာ.... ရဲကလည်း ဘယ်ကတည်းက တိုင်ချင်နေမှန်းမသိဘူး.... ကားမှန်ရိုက်ခွဲလိုက်တဲ့အကြောင်းကို ပြောပါလေရော.... ။

She Is A Baby (ChanBaek)Where stories live. Discover now