Episode 21

1.7K 152 12
                                    

[Zawgyi version]

"ပင်ပန်းသွားပြီ.. နားလိုက်ဦး "

"ဟုတ်ကဲ့ "

ပါမောက္ခရဲ့ ပန်းချီပြပွဲမှာ စာသင်နှစ်တစ်နှစ်က ကျောင်းသားတစ်ယောက်ကို ပန်းချီကား ၅ချပ်နှုန်း ပြသခွင့်ရတယ် ။ စုစုပေါင်း ၄ယောက်..  ကျွန်မတို့နှစ်မှာ ကျွန်မ.. တခြား စီနီယာ ဂျူနီယာတွေနဲ့ပေါ့ ။ ကိုယ်က ဒုတိယနှစ်ဆိုတော့ ကြားညပ်နေတဲ့ စီနီယာပေါက်စလေးပေါ့ ။

"နင့်မလည်း.. ချစ်သူကောင်လေးက အကုန်လိုက်လုပ်ပေးပေလို့ပဲ.. မဟုတ်ရင်တော့လား... "

ပါမောက္ခရဲ့ အကြည့်က ခပ်လှမ်းလှမ်းမှာ ကျွန်မအထုပ်တွေကို တစ်ဖက်ကသယ်ရင်း ဖုန်းပြောနေတဲ့ Ha Jun ဆီတွင်ရှိနေသည် ။ ဒီပြပွဲလုပ်တဲ့ ပြခန်းမှာ ပန်းချီကား ချိတ်တာကို အတွေ့အကြုံရအောင် ကိုယ်တိုင်လုပ်စေတဲ့ ပါမောက္ခကြောင့် ငိုမဲ့မဲ့ ဖြစ်နေတဲ့ ကျွန်မကို Ha Jun ကူညီပေးခဲ့တာ အမှန်ပါ ။ ကျောင်းကနေ ဒီအထိ ပန်းချီကားတွေ သယ်လာပေးပြီး ချိတ်ပေးတာလည်းသူပဲ ။ ဘောင်တွေလည်း သူပဲ သွားလုပ်ပေးတာ ။ ကိုယ့်မှာက သန်ဘက်ခါပြပွဲဆို ဒီနေ့ထိ ဆွဲနေတုန်း...  အဲ့လို ..

"အာ.... အဲ့တာ သာမန် သူငယ်ချင်းကောင်လေးပါနော်.. ပြီးတော့ သမီး ချစ်သူက သက်သက်ရှိတယ် "

"ဒါတော့ ငါဘယ်သိမလဲဟ.. ညည်းနဲ့အမြဲအတူတွေ့ရပြီး ငါတို့ မေဂျာအဆောက်အအုံမှာလည်း အဲ့ကျောင်းသားလေးကို ခဏခဏ​တွေ့လို့ ပြောတာပေါ့.. ငါ့အမြင်တော့ ညည်းသူ့ကိုဆွဲထားသင့်တယ်.. "

သားအဖလိုပင် ဖြစ်နေသော ပါမောက္ခသည် တကယ်ကြီးတွေ ပြောနေပုံ...

"အာ...... gyoseung nim ~~~~~ ချစ်သူက သပ်သပ်ရှိပာတယ်ဆို ~~"

"ငါသွားနှင့်ပြီနော်... ညည်းက ညည်းကောင်လေးနဲ့ ပြန်မှာမလား "

သူမဆူပုတ်ပြီးပြန်ပြောတော့ သူမရဲ့ဆရာက ပြုံးရင်း သူမကို ထပ်စ သွားသေးသည် ။ အပြန် တစ်ချိန်လုံး လိုက်ကူညီပေးထားတဲ့ တပည့်ကျော်ကို အစာအာဟာရ ဆက်သရင်း...

"ခုနကလေ ပါမောက္ခက နင့်ကိုကြည့်ပြီး ငါ့ကောင်လေးဆိုပြီး အထင်တွေလွဲနေတာ "

She Is A Baby (ChanBaek)Where stories live. Discover now