Episode 8

1.8K 146 4
                                    

Sehun နဲ့အတူ Jongin's Bar မှာ သောက်ပြီး ပြန်လာတော့ အိမ်ရှေ့နားမှာ ညဝတ်အင်္ကျီနဲ့ တရွေ့ရွေ့လျှောက်လာတဲ့ Baekhee... Chanyeol က ဆိုင်ကယ်ကို ရပ်လိုက်ပြီး သူမဆီပြေးသွားကာ သူဝတ်ထားတဲ့ အနွေးထည်ကို ချွတ်ပြီး Baekhee ကို ခြုံပေးလိုက်သည် ။ အေးလို့ နှာခေါင်းထိပ်တွေ နီရဲနေတဲ့အပြင် မျက်ဝန်းတွေကလည်း စွတ်စိုနေတယ် ။

"Baekhee ah.... ဘာဖြစ်လာတာလဲ? အရင်ဆုံး အိမ်ထဲဝင်ရအောင် "

အိမ်ထဲရောက်တော့ သူမက ရှိုက်ကြီးတငင်ငိုနေတာမို့ အတင်းမေးတော့မှ အိမ်ပေါ်ကနေဆင်းလာတာဖစ်ကြောင်းပြောလာသည် ။

"Omma က အိမ်ကို လက်ထပ်ထားတဲ့ ယောက်ျားခေါ်လာတယ် ။ ဘယ်တုန်းက လက်ထပ်မှန်းလည်း မသိဘူး ။ ပြီးတော့ အဲ့ယောက်ျားက Oppa ထက်ဆို နည်းနည်းပဲ ကြီးမယ့်ပုံပဲ ။ ဘယ်လိုလုပ်ပြီး တစ်အိမ်ထဲနေမလဲ ။ Omma က မနေချင်ရင် ထွက်သွားလို့ပြောတယ် ။ ဒါမယ့် သည်းခံခဲ့ပါသေးတယ်။ ဒီနေ့ Omma အိမ်ပြန်မလာတော့ အဲ့ဒီယောက်ျားနဲ့ ၂ယောက်တည်း ။ ပြီးတော့ သူကမူးနေပီး ဆွဲလားရမ်းလားလုပ်တယ် ။ Omma လို့ထင်နေပုံပဲ ။ ဒါကြောင့်အိမ်ကနေထွက်လာတာ... "

Baekhee ရဲ့အမေက တက္ကသိုလ်ကျောင်းသူဘဝမှာ Baekhee ကို မွေးခဲ့ပေမယ့် Single mother အဖြစ်နဲ့ ရပ်တည်ခဲ့ရတယ် ။ သူမကို တာဝန်မယူတဲ့ သူ့ရည်းစားကို မုန်းတဲ့စိတ်ကို Baekhee ပေါ်ပုံချထားပုံပဲ ။ ငယ်ငယ်ထဲက Baekhee က မိဘမဲ့လိုသာ ကြီးပြင်းခဲ့ရတယ် ။ သူ့အမေက အိမ်မှာမရှိတာများသည် ။ သူ့အမေက ဒီဇိုင်နာအလုပ်လုပ်တဲ့အတွက် သူ့အလုပ်ခန်းမှာပဲနေတာများသည်။ မွေးထားတဲ့သမီးရှိသေးတာကို မေ့ထားပြီး အလုပ်ဖိလုပ်ရင်းသာ ရှင်သန်နေသည်။ သူ့အမေဆီက ဂရုစိုက်မှု အရေးတယူလုပ်ခံရဖို့အတွက် Baekhee ဆိုးပြသော်လည်းပဲ သူ့အမေက ဂရုတောင်မစိုက်ခဲ့ပါ။

"အခုဘယ်လိုလုပ်မလဲ... အိမ်ကထွက်လာပေမယ့် သွားစရာနေရာလည်း မရှိဘူး ။ အိမ်လည်းပြန်လို့မရဘူး ။ Baekhee ကလေ မွေးမလာသင့်တဲ့ကလေးပါ ။ အဲ့အစား ဖျက်ချလိုက်ရမှာ "

ငိုနေတဲ့သူမ ကျောကို ပုတ်ပေးရင်း သက်ပြင်းချမိသည် ။ ဒီလိုအတွေးမျိုးကို Park မိသားစု အိမ်မှာနေတုန်းက တွေးခဲ့ဖူးသည် ။ အမေ့ဆီကနေ အတင်းဆွဲခေါ်လာခံရတဲ့အပြင် မိထွေးကလည်း မကြည်ဖြူ  မောင်နှမတွေကလည်း မနွေးထွေး အဖေနဲ့ဆက်ဆံရေးကလည်း မရင်းနှီးတာမို့ ကိုယ့်ကိုကိုယ် စိတ်ပျက်ရင်း ဒေါသထွက်ခဲ့ဖူးသည် ။ သေသွားတာမှ ကောင်းဦးမယ်လို့လည်း တွေးခဲ့ဖူးသည်။

She Is A Baby (ChanBaek)Where stories live. Discover now