Episode 2

2.4K 154 2
                                    

သူမကို ဖွင့်ပြောသွားတာလား ? ဘာလားပင် မသိသော ထိုလူကို သူမဘက်က ဘာမှတောင် ပြန်မဖြေခဲ့ပါ ... ထိုနေ့ပြီးတော့ သူမ အဲ့ဒီ Bar ကို ထပ်မသွားတော့တာမို့ ထိုလူကိုလည်း မတွေ့တော့ပါ ။ ယူနာ နဲ့ ဒါအင်းက သူမကို ခေါ်ပေမယ့် သူမ ထပ်ပြီး ကြုံတွေ့ရမှာတွေကို ရင်မဆိုင်နိုင်မှာ စိုးတာမို့ မသွားဘဲ စာကြည့်တိုက်မှာသာ သွားအိပ်နေလိုက်သည် ။  ဗိုက်ဆာတဲ့အခါ စာကြည့်တိုက်ရဲ့ ခပ်လှမ်းလှမ်းက 24 hours store မှာ တစ်ခုခုစားရုံပဲ ။ ဒီနေ့တော့ ဆိုင်ထဲက အရက်ပုလင်းတွေ ရှေ့မှာ ရပ်ကြည့်နေမိသည် ။ Beer ဖြစ်ဖြစ် သောက်ကြည့်ချင်သော်လည်း သူမအနေနဲ့ ဝယ်လို့မရသော အခြေအနေ....

"သောက်ချင်လို့လား? ကိုယ်ဝယ်တိုက်မယ်လေ "

၂ပတ်လောက် ကြာပြီးမှ ပြန်တွေ့ရတဲ့ ဟိုလူက လင်းလင်းကျင်းကျင်းမှာမို့ထင်သည် ထိုလူရဲ့ ရုပ်ရည်ကို အထင်သား မြင်နေရသည် ။ virtual genius ပဲ။ သူမခပ်သွက်သွက်ပဲ ခေါင်းညိတ်ပြကာ ဆိုင်အပြင်ကို ထွက်လာလိုက်သည် ။ သူမနဲ့ မျက်နှာချင်းဆိုင်မှာ လာထိုင်ပြီး Beer ဗူးပါ ဖောက်ပေးသေးသည် ။

"ဒီနားမှာ Bar လည်း မရှိပါဘူး ... ဘာလုပ်နေတာလဲ "

သူမ beer ကို တငုံမြည်းကြည့်ပြီး

"စာကြည့်တိုက်ရှိတယ်လေ ဒီနားမှာ "

"စာကြိုးစားတဲ့သူ ဖြစ်သွားပြီလား "

"စာကြည့်တိုက်က တိတ်ဆိတ်တော့ အိပ်လို့ကောင်းတာပေါ့ "

ထိုလူ့ကို ဘာစကားမှမပြောတော့ဘဲ သောက်စရာရှိတာသာ သောက်ပြီး ကျေးဇူးတင်ကြောင်းပြောကာ ထွက်လာခဲ့သည် ။ ထိုလူ့ကို မြင်ရင် ငါ့ကောင်မလေး လုပ်မလားဆိုတာကြီး ကြားယောင်လာတယ် ။ အဲ့အခါ နေရခက်လို့ ခပ်သွက်သွက်ပဲ စာကြည့်တိုက်ကို ပြန်လာခဲ့တာ ။
××××××
၁၀ နာရီ ထိုးနေပြီမို့ ကြမ်းပြင်မှာ ပြန့်ကျဲနေတဲ့ အင်္ကျီ နဲ့ ဘောင်းဘီကို ပြန်ဝတ်ပြီး အိပ်ပျော်နေဆဲဖြစ်တဲ့ ထိုအမျိုးသမီးအတွက် Hotel ခ ရှင်းသွားပြီ ဖစ်ကြောင်း ယဉ်ကျေးမှုအရ စာလေးချန်ကာ ဆိုင်ကယ်နဲ့ ပြန်လာခဲ့သည် ။ အဆက်မပြတ်မြည်နေတဲ့ ဖုန်းကြောင့် ဆိုင်ကယ်ကို လမ်းကြားအရောက်မှာ ခဏရပ်ကာ ဖုန်းပြောနေစဉ် တစ်ဖက်အုတ်တံတိုင်းမှ လွင့်ကျလာသော လွယ်အိတ်သည် ကျွန်တော့် ဆိုင်ကယ်ရှေ့တည့်တည့်သို့ ကျလာသည် ။ လွယ်အိတ် ဘာလို့ကျလာလဲဆိုတာ ဖုန်းပြောရင်း အကဲခတ်နေစဉ် အုတ်တံတိုင်းပေါ်သို့ လူတစ်ယောက် တွယ်တက်ကာ ခုန်ချလာသည် ။ စကားစကို အမြန်ဖြတ်ကာ ဖုန်းချပြီး ကျွန်တော့်ဆိုင်ကယ်ရှေ့က လွယ်အိတ်ကို ယူကာ အဝတ်အစားကို ဖုန်ခါနေသော သူမကို ကြည့်ကာ ...

She Is A Baby (ChanBaek)Where stories live. Discover now