Episode 17

1.9K 162 12
                                    

စစ်မှုထမ်းရမယ့်အကြောင်းကို ပြောပြီးကတည်းက ကလေးက စကားကို ပြန်မပြောတော့ဘူး ။ အခန်းထဲကနေလည်း ထွက်မလာဘူး ။ တကယ်ဆို Sehun တို့ Jongin တို့ တက္ကသိုလ်တက်တုန်း စစ်မှုထမ်းကတည်းက အတူတူ စစ်မှုထမ်းလိုက်ရမှာကို ပြိုင်ပွဲတွေရှိနေလို့ နောက်ဆုတ်ရင်းနဲ့ အခုအသက်အရွယ်ကို ရောက်လာတာပဲ ။ အခုမှ မထမ်းရင်လည်း မရတော့ဘူး ။

ဒီနေ့မနက် မနက်စာစားရင်း အဲ့အကြောင်းပြောတော့ ငြိမ်ကျသွားပြီး အခန်းထဲကကို ပြန်ထွက်မလာတော့ဘူး ။ ညနေတောင်ရောက်နေပြီမို့ အခန်းတံခါးသွားခေါက်တော့လည်း ပြန်မထူးတာမို့ ဖွင့်ကြည့်တော့လည်း ရှိမနေ ။ အခန်းထဲကနေ ပြန်ထွက်ဖို့ တံခါးအဖွင့်မှ ရှိုက်သံလိုလိုကြားတာမို့ လိုက်ရှာတော့ ဗီဒိုထဲမှာ ငိုနေသောသူမ..

ဗီဒိုအပေါ်ထပ်မှ ထိုင်နေကာ ငိုနေတာနဲ့ တပြိုင်နက် သူမကို ဖက်လိုက်တော့ ခါးမှာခြေထောက်၂ဖက်ချိတ်ကာ ကလေးတွေက အားကိုးတကြီးဖက်ထားသလို ပါလာသည် ။

"ဘာလို့.... ဘာလို့အခုမှ စစ်မှုထမ်းမှာလဲ? ဘာလို့လဲ "

ပားစပ်ကနေလည်း အော်ဟစ်ကာ ငိုနေသည်မို့ ဘာပြောပေးရမှန်းလည်းမသိဖြစ်မိကာ ကျောကိုသာ ပုတ်ပေးနေမိသည် ။ ပြီးတော့ မထိုင်ဘဲ အိမ်ထဲလမ်းပတ်လျှောက်နေကာ ကလေးတွေငိုရင်ချော့သလို ကျောလေးပုတ်ပေးနေမိသည် ။

"ကိုကိုမရှိဘဲ ဘယ်လိုနေရမှာလဲ... စောင့်မနေဘူး... ကိုကို့ကို စောင့်နေမှာမဟုတ်ဘူး... blind date တွေသွားပြီး တခြားယောက်ျားနဲ့ တွဲမှာ "

"အဲ့လိုလုပ်လည်းရတယ်.... ကိုကို့ကို မစောင့်နဲ့... ကောင်းတဲ့လူပေါ်လာရင် တွဲလည်းရတယ်.. စောင့်တဲ့အလုပ်ကို ကိုကိုပဲလုပ်မယ် "

သူမကို ထမင်းစားပွဲပေါ်မှာ ထိုင်ဖို့တင်လိုက်ပြီး မျက်နှာချင်းဆိုင်အနေအထားနဲ့ ကြည့်လိုက်တော့...

"မကောင်းတဲ့လူရီး... လူကို လူဆိုးမဖြစ်အောင်တွန်းပို့နေတယ်... ဒီကဖြင့် သူစစ်မှုထမ်းပြီးသားလို့ ထင်နေတဲ့ဟာကို... "

ပြောရင်းနဲ့ ထပ်ငိုနေသည်မို့ သူမမျက်ရည်တွေကို ကိုယ့်နှုတ်ခမ်းဖြင့် ထိတွေ့ရင်း

She Is A Baby (ChanBaek)Where stories live. Discover now