Episode 7

1.9K 134 3
                                    

၂နှစ်နီးပါးလောက် Oppa အနားမှာနေရင်း အရင်ကထက်တော့ ပိုရင်းနှီးလာသဖွယ်ရှိပါသည် ။ စပြီးတွဲတုန်းက ရုပ်ချောပြီး ကိုယ့်ကိုကာကွယ်ပေးလို့ ဆိုတဲ့အချက်ကြောင့် စတင်ခဲ့ပေမယ့် အချစ်ဆိုတာ ဘယ်လိုအရာမှန်း ကျွန်မလည်း မသိပါဘူး ။ ဒါမယ့် အချိန်တွေကြာလာတာနဲ့အမျှ ကျွန်မကိုယ်တိုင်က Oppa အနားမှာနေချင်လာခဲ့တယ် ။ ပြီးတော့ ကျန်ခဲ့ရမှာ ကြောက်နေမိတယ် ။ ကျွန်မ Oppa အကြောင်း သေချာမသိပါဘူး ။ နဲနဲပါးပါးတော့ သိပေမယ့် ကျွန်မသိတာတွေက သူ့ကောင်းကြောင်းတွေပဲ ဖြစ်မယ်ထင်တယ် ။ ဒါမယ့် ကျွန်မသိလာတဲ့ အရာတစ်ခုကတော့ Oppa က မိန်းကလေးတွေကို ထည်လဲ တွဲပီး ပစ်ချထားခဲ့တယ်တဲ့ ။ တစ်နေ့ ကျွန်မလည်း ပစ်ချခံရမှာပဲတဲ့လေ ။ မဟုတ်ဘူးဆိုတဲ့စကားကို ကြားရဖို့ ကျွန်မ Oppa ဆီ လာခဲ့ပေမယ့် Oppa နဲ့ မိန်းမတစ်ယောက် shopping center ထဲဝင်သွားတာတွေ့လို့ ကျွန်မအနောက်ကနေ လိုက်ချောင်းမိတယ် ။ အချိန်အတော်ကြာ လိုက်ချောင်းပြီးတဲ့နောက် အဲ့မိန်းမက Toilet ဝင်သွားတဲ့အချိန်မှာ ကျွန်မလည်း Oppa ဆီမှာ မိသွားတယ် ။

"ဘာလို့နောက်ကနေလိုက်နေတာလဲ? မသိရင် ငါက လူယုတ်မာကျနေတာပဲ?"

သူ့မျက်နှာက ခါတိုင်းလိုပဲ ခန့်မှန်းရခက်နေပြန်သည်။

"Oppa ကို တွေ့လို့.... "

"တွေ့ရင်ခေါ်လေ.. အခုလိုလိုက်ချောင်းတော့ ဘေးလူတွေက ဘယ်လိုမြင်မလဲ... "

ပြောရင်းနဲ့ Oppa က ကျွန်မရှေ့မှာ ထိုင်ချရင်း ပြေနေတဲ့ ဖိနပ်ကြိုးကို ချည်ပေးသည် ။

"ဖိနပ်ကြိုးတောင် သေချာမချည်ဘဲ နောက်ကလိုက်နေတယ်... ချော်လဲရင်ဘယ်လိုလုပ်မလဲ? လာလိုက်ခဲ့ "

ထိုအမျိုးသမီးကို စတွေ့ကတည်းက စိတ်တထင့်ထင့်ဖြစ်နေပေမယ့် Oppa က ပြန်မယ်ဆိုလို့သာ စိတ်လျှော့လိုက်ရတာ... စိတ်ထဲတော့ရှင်းမသွားပါ...ထိုအမျိုးသမီးကို နောက်တကြိမ်အဖြစ် စနေနေ့တွင် Oppa ရဲ့ Condo ရှေ့မှာတွေ့လိုက်သည် ။ တခြားသူတွေဆိုရင် လှည့်ပြန်လာမလား မပြောတတ်ပေမယ့် ကျွန်မကတော့ Oppa ဆီ တန်းတန်းမတ်မတ် သွားကာ မေးခဲ့သည် ။

"ဒီတိုင်း သူငယ်ချင်းပါ.. မင်းလည်း သိသားပဲ ငါ့မှာ မိတ်ဆွေတွေ များတယ်... ဒီလိုသာ သံသယဝင်ရင် မင်းပဲ ပင်ပန်းလိမ့်မယ် "

She Is A Baby (ChanBaek)Where stories live. Discover now