Episode 19

1.8K 146 13
                                    

[Zawgyi Version]

အားလပ်ရက်ခဏယူတာ ကောင်းပေမယ့် နောက်တခါထပ်မယူဖို့ ဆုံးဖြတ်လိုက်မိတယ် ။ အခုလို စစ်မှုပြန်ထမ်းရတော့မယ်ဆိုတော့ အစကနေ ပြန်လွမ်းရသလို ခံစားရပြီး အစကနေ ပြန်ငိုနေတဲ့ကလေးကိုလည်းမကြည့်ရက်ဘူး။ ဒါကြောင့် စစ်မှုထမ်းရမယ့် ကာလပြည့်မှပဲ အပြီးပြန်လာတော့မယ်လို့ တွေးမိတယ် ။
---
"လုပ်ပါဟာ ကူညီပါ.. ငါက နင်ပါမယ်လို့ပြောထားပြီးသွားပြီဟ.. ဟိုရောက်မှ ငြင်းချင်ငြင်းလို့ရတာပဲလေနော်.. အခုတော့လိုက်ခဲ့ပါဟာ... "

တက္ကသိုလ်ကျောင်းသူ/သား တွေရဲ့ ထုံးစံအတိုင်း blind date သွားဖို့ခေါ်နေခြင်းပါ ။ ပထမတစ်ကြိမ်ကူညီပေးဖူးတာမို့ အခုလည်း ထပ်ခေါ်နေပြန်ပါပြီ ။ ကိုကိုသာသိရင် ဆူခံရတော့မယ် ။ ပထမအကြိမ်တုန်းကလည်း လိုက်သွားပေးပြီး သူတို့ဘာသာရွေးကြ.. လူခွဲပီး Date တဲ့အခါ ကိုယ်ကအရင် အိမ်ပြန်မယ်ဆိုပြီး ပြန်ချလာရင် ပွဲက သိမ်းနေပြီဆိုပေမယ့် ခဏခဏဆိုမကောင်းဘူးမလား ။

"ဒီတခါနောက်ဆုံးပဲနော်.... "

ပြုံးပျော်သွားကြတဲ့ သူငယ်ချင်းမ ၂ယောက်ကို မျက်စောင်းထိုးကာ ပစ္စည်းတွေ သိမ်းပြီး သူတို့ခေါ်ရာသို့ လိုက်သွားဖြစ်သည် ။

"အော်!" "အော်!"

စားပွဲထိုင်ထိုင်ချင်း ပြိုင်တူထွက်လာတဲ့အသံကြောင့် သူငယ်ချင်းတွေက

"သိနေကြတာလား "

"မဟုတ်ပါဘူး... ငာ့ကိုထီးငှါးပေးဖူးတဲ့သူပါ "

လွန်ခဲ့တဲ့၁ပတ်လောက်က မိုးတွေရွာနေတဲ့အချိန်မှာ ထီးငှါးခဲ့ပြီး မိုးရေထဲပြေးသွားတဲ့ ကိုယ်တော်ချောက အဲ့နေ့မတိုင်ခင်တစ်ရက်ကပဲ စာကြည့်တိုက်မှာမမှီတံစာအုပ်ကိုယူပေးဖူးသေးသည်ကို အခုတတိယအကြိမ်တွေ့တဲ့အချိန်မှာ မှတ်မိသွားခဲ့ပါသည် ။

"ထပ်တွေ့ပြန်ပြီနော်... ကျွန်တော့်နာမည် Do Ha Jun ပါ... နိုင်ငံရေးသိပ္ပံမေဂျာကပါ "

ရယ်လိုက်ရင် ပျောက်သွားတဲ့ မျက်လုံးကြောင့် Cute type ဖြစ်ပေမယ့် တည်တည်နေရင်တော့လည်း Handsome type ဖြစ်သော သူ့မေဂျာမှာနာမည်ကြီးတဲ့ ကျောင်းသားတဲ့လေ ။ သူငယ်ချင်းတွေက သူတို့ရွေးတဲ့လူနဲ့ Date ဖို့ ထွက်သွားကြတော့ ကိုယ်က ဘာလုပ်ရမှန်းမသိ ထိုင်နေမိသည်။ ထထွက်သွားရမှာ အားနာမိတဲ့အတွက်ကြောင့်ပါ ။

She Is A Baby (ChanBaek)Where stories live. Discover now