လူအုပ်ကြားတွင် ဖြစ်တည်လာသော တစ်ခုတည်းသော ခံစားချက်မှာ ဆေးလုံးဆရာ ၆၃၂ ကို အားကျခြင်းသာ ဖြစ်သည်။ ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့်နှင့် အဆင့်သုံး ဆေးလုံးဆရာသည် ပထမပွဲစဉ် နှစ်ခုလုံးတွင် ထိပ်ဆုံး ၁၀ ယောက်ထဲ ပါခဲ့သည်။ လူအများအပြားက ဆေးလုံးဆရာ ၆၃၂ အကြောင်း စုံစမ်းနေကြကာ သူ့ဆီမှ နေရာတချို့ ဝယ်ယူရန်ပင် ကြံစည်နေကြသည်။

ဂျူဖေးယန်၏ သေခြင်းက ကိစ္စသေးသေးလေးသာ ဖြစ်၏။ ဆေးလုံးသခင်မင်နင်က အစီအစဉ်ကို ဆက်ပြောလိုက်သည် "တတိယပွဲစဉ်က ဆေးလုံးဖော်စပ်ခြင်းပဲ ဆေးလုံးဆရာတွေက မိမိရဲ့ မီးဖိုရှေ့မှာ ရပ်ပြီးတော့ ကိုယ်ဖော်စပ်ချင်တဲ့ ဆေးလုံးကို စိတ်ကြိုက်ရွေးချယ်ကြပါ..."

စစ်ဆေးရေး နေရာကား ရှင်းလင်းပြီးသွားလေပြီ။ မီးပြင်းဖို ၁၅၀ အား နေရာတွင် ချထားလေ၏။ မိုဝူကျီက ဆေးပြင်းမီးဖို ၆၃၂ သို့ လျှောက်လှမ်းသွားလိုက်ပြီး မတ်မတ်ရပ်နေလိုက်သည်။ ဘေးပတ်လည်ကို ကြည့်လိုက်သောအခါ မနီးမဝေးတွင် ယန်ချင်ယင်ကို တွေ့လိုက်ရ၏။

မိုဝူကျီအကြည့်ကို သတိပြုမိပြီး ယန်ချင်ယင်က ပြုံးပြလိုက်သည် "ဂျူနီယာမောင်လေးမို  အရင်နှစ်ပွဲက မင်းရလဒ်တွေ မဆိုးဘူး တတိယပွဲစဉ်မှာ အဆင့်သုံး ဆေးလုံး ရွေးရင်ကို ထိပ်ဆုံး အယောက် ၁၀၀ ထဲ ပါလိမ့်မယ်....."

"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာအစ်မယန်...." မိုဝူကျီက သူ့သဘောထားကို အလျှင်မြန် ဖော်ပြလိုက်သည်။

မိုဝူကျီ ကျင့်ကြံဆင့်က မြင့်သွားသောကြောင့် သူ့စိတ်ဝိညာဉ် ဆန္ဒသည်ပင် များစွာ အားကောင်းလာလေပြီ။ မိုဝူကျီက အဆင့်လေး ဆေးလုံးကိုပင် ဖော်စပ်နိုင်လိမ့်မည်ဟု ခံစားနေရသည်။

အရင် ရလဒ်နှစ်ခုကား ထိပ်ဆုံး ၁၀ ထဲ ပါနေသည်ကို သိသော်လည်း နောက်ဆုံး ရလဒ်က ပွဲစဉ်သုံးခုလုံးက ရမှတ်တွေ ပြန်ပေါင်းမည်ကို သိသောကြောင့် ထိုသို့ လုပ်ဖို့ လက်လျော့လိုက်သည်။

သူက အဆင့်အမြင့်ကြီးလည်း မလိုအပ်ပေ။ ထိပ်ဆုံး အယောက် ၁၀၀ ထဲ ပါဖို့နှင့် အနည်းဆုံး ၉၇ ထက်မြင့်ရန်သာ လိုသည်။

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now