"အဲဆို စီနီယာ အစ်မယန်ရဲ့ လမ်းညွှန်မှုကြောင့်ပေါ့... စီနီယာ အစ်မယန် အစ်မနဲ့ ဆေးလုံးသခင်မိုတို့ သိတာ ဘာလို့ ပြောမပြတာလဲ ...." မုယင်က ယန်ချင်ယင်နှင့် အရမ်း ရင်းနှီးပုံပေါ်ကာ ချက်ချင်း လှည့်မေးလိုက်သည်။

"အဲဒါက ဂျူနီယာ မောင်လေးမိုရဲ့ ဆေးလုံးအပေါ် နားလည်နိုင်စွမ်းက  ကောင်းပြီးသားမလို့ပါ ငါက သူ့ကို နည်းနည်းလေး ထောက်ပြပေးရုံပဲ လိုတာ...." ယန်ချင်ယင်က ပြုံးလိုက်ရင်း မိုဝူကျီ ဆေးလုံးဆရာဖြစ်လာသည့် ချီးကျူးမှုက သူမနှင့် မသက်ဆိုင်မှန်း သိ၏။ သို့သော်လည်း သူမက ထိုသို့ ပြောခဲ့ခြင်းမှာ မိုဝူကျီက တခြားလူများကို ထိုနယ်ပယ်ရှိ သူ့ပါရမီများကို လူသိမခံချင်မှန်း မှန်းဆမိ၍ ဖြစ်သည်။

စကားအဆုံးတွင် ယန်ချင်ယင်က မိုဝူကျီကို ဆက်ပြီးမေးလိုက်သည် "ဂျူနီယာ မောင်လေးမို မင်းရော ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဆေးလုံးပြိုင်ပွဲမှာ ဝင်ပြိုင်မှာလား...."

မိုဝူကျီက ကျေနပ်စွာ ပြုံးလိုက်ရင်း "ဟုတ်တယ် ကျွန်တော်က အဆင့်သုံး ဆေးလုံးဆရာ ဖြစ်သွားအောင် လုပ်နိုင်လိုက်တော့ ဒီကိုလာပြီး ကံစမ်းကြည့်တာပါ..."

"အမ် မင်းက အဆင့်သုံး ဆေးလုံးဆရာ ဖြစ်သွားပြီလား..." ယန်ချင်ယင်က မိုဝူကျီသည် အဆင့်နှစ်ကို ကျော်လွန်နိုင်မည် မဟုတ်ကြောင်း ခန့်မှန်းထားခဲ့သည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်း သူက အဆင့်သုံး ဆေးလုံးဆရာ ဖြစ်သွားလေပြီ။ သူမက သူ့ကို မှားပြီးတော့များ ခန့်မှန်းမိတာလား....

သူမကာ သဏ္ဍာန်မဲ့ နတ်ဓားဂိုဏ်းခေါင်းဆောင် ဂူရန်ကို  ရုတ်တရက်  တွေးမိသွားသည်။ အကယ်၍ သူသာ မိုဝူကျီက အဆင့်သုံး ဆေးလုံးဆရာ ဖြစ်သွားမှန်းသိလျှင် နောင်တရနေလောက်၏။

မိုဝူကျီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီးတော့ "ကျွန်တော်က ကံကောင်းရုံပါ  ရုတ်တရက် ဈာန်ဝင်ပြီးတော့ ဗြုန်းခနဲ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာတာပဲ...."

မုယင် မျက်နှာထား တင်းမာသွားပြီးတော့ ပြောလိုက်သည် "ဂျူနီယာမို ကျွန်မကတော့ ဆေးလုံးဖော်စပ်ခြင်းမှာ အဲလို ကံကောင်းတာမျိုးတွေ မရှိဘူးလို့ ယုံကြည်တယ်  ဆေးလုံးသခင်မိုက ဆေးလုံး ဖော်စပ်ခြင်းကို ကောင်းကောင်းနားလည်ထားလို့သာ အဆင့်သုံး ဆေးလုံးဆရာ ဖြစ်လာတယ်လို့ပဲ ထင်တယ်  အဲဒါက ရှင်ရဲ့ မိုဆေးကို ဖန်တီးနိုင်ခဲ့တာကိုလဲ ရှင်းသွားတာပေါ့ ကျွန်မ ရှင့်ကို ကောင်းကင်ဖွေရှာနန်းတော် ဆေးလုံးဘုံစေတီမှာ စောင့်နေပါ့မယ်  ရှင့်အရည်အချင်းနဲ့ဆိုရင် သေချာပေါက် အဲနေရာကို ရောက်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်... "

လူသားသစ်စာ (Zawgyi version) (1 - 200)حيث تعيش القصص. اكتشف الآن