စက္ကန့် အနည်းငယ်အကြာတွင် လူငယ်က မျက်လုံး ပြန်ပွင့်လာပြီး တုန်လှုပ်စွာ ပြောလိုက်သည် "ဦးလေးစွန်း ဒီဆေးလုံးက ဘာကြီးလဲ ဝိညာဉ်လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူတွေ အတွက် လုပ်ထားတာဆိုပေမဲ့  စွမ်းအင်ဖြည့် ဆေးလုံးထက် အဆများစွာ အာနိသင် ပိုရှိနေတာလား..."

လူလတ် အမျိုးသားက ခေါင်းခါလိုက်ပြီး "ငါလဲ သေချာမသိဘူး ဒါပေမဲ့ သူတို့ကို လာပေးတဲ့သူ ပြောတာကတော့ စွမ်းအားဖြည့်ဆေးလုံးတွေတဲ့.. တခြားဆေးလုံးတွေကိုလဲ ကြည့်ကြည့်ဦး...."

သူက လူလတ်အမျိုးသား၏ ဖိတ်ခေါ်မှုကိုပင် မစောင့်ဘဲ လူငယ်က စားပွဲပေါ်မှ တခြားကြွေပုလင်းများကို ဖွင့်ကာ တစ်လုံးချင်း ထုတ်ကြည့်လိုက်တော့သည်။

"ဒါတွေက အဆင့်မြင့် အဆင့်နှစ် ဝိညာဉ်ဆေးလုံးတွေမလား.... အဆိပ်ပြယ်ဆေးလုံး....နဂါးသွဲ့ ဆေးလုံး.." ကြွေပုလင်းများကို ချထားလိုက်ပြီးနောက်တွင် လူငယ်မျက်နှာတွင်  တုန်လှုပ်ဖွယ် အမူအယာများ ဖြစ်ပေါ်နေ၏။

လူလတ်အမျိုးသားက ခေါင်းညိတ်ကာ "ဟုတ်တယ် ငါလဲ ဒီဆေးလုံးတွေကို စမ်းကြည့်ပြီးပြီ သူတို့က အဆင့်မြင့် ဆေးလုံးတွေ ဆိုပေမဲ့ ဆေးအာနိသင်က ထိပ်တန်းဆေးလုံးတွေထက် မနိမ့်ဘူး အဲဒါအပြင် ဆေးလုံးရဲ့ အရည်အသွေးက အမှန်တကယ် အများကြီး‌‌ ကောင်းပေမဲ့ ဆေးလုံးဆရာရဲ့ ကျင့်ကြံဆင့်နဲ့ ကန့်သတ်ခံထားရတယ်....  ငါ ခန့်မှန်းတာသာ မမှားရင် ဆေးလုံးဆရာက အဆင့်နှစ် ထိပ်ဆုံး ဖြစ်ရင် ဖြစ် မဟုတ်ရင် အဆင့်သုံး ဖြစ်နိုင်တယ်.. "

"ဒီဆေးလုံးတွေကို စိတ်စွမ်းအင် ကျောက်တုံး ဘယ်လောက်နဲ့ ဝယ်လိုက်တာလဲ..." လူငယ်မျက်လုံးတွင် အရောင်များ လက်နေကာ သူတွေးနေသည့် အရာကို မသိနိုင်ချေ။

လူလတ်အမျိုးသားက သက်ပြင်းချကာ စိတ်မကောင်းစွာ ပြောလိုက်လေသည် "အဲဒီလူက စိတ်စွမ်းအင် ကျောက်တုံး အရေးတကြီး လိုနေသလိုပဲ အဲဒီဆေးလုံးတွေကို ဒီမယူလာခင်အထိ သေချာ အကဲမဖြတ်လိုက်ရတော့ကျ သူ့ကို စိတ်စွမ်းအင် ကျောက်တုံး ၁၀၇၀ တုံးပဲ ပေးလိုက်တယ်... "

လူငယ်က မျက်မှောင်ကျူတ်ကာ ချက်ချင်း ပြောလိုက်သည် "ဦးလေးစွန်း အဲဒီဈေးက အရမ်းနိမ့်နေတယ် ကျွန်တော်တို့ရဲ့ လမင်းကိုးစင်း ဆေးလုံးအိမ်တော်က ကျွန်တော်တို့ရဲ့ ဆေးလုံး အရည်အသွေးကြောင့် တင် မဟုတ်ဘဲ  ဂုဏ်သိက္ခာ ကြောင့်ရော သာ  ကျွန်တော်တို့ရဲ့ ကြာရှည်စွာ တည်ရှိနေတာ  ပုံမှန်ဈေးကွက်မှာတောင် အဲဒီဆေးလုံးတွေက အနည်းဆုံး စိတ်စွမ်းအင် ကျောက်တုံး ၂၀၀၀ လောက် တန်တယ်လေ အခု ကျွန်တော်တို့က သူ့ကို တဝက်ဈေးပေးပြီးတော့ အနိုင်ကျင့်မိသွားပြီ... "

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now