ရှောင်းကျန့်က..ဘောဒီစပရေးကို တစ်ရွှီးရွှီးမှုတ်ကာ...ပြင်ဆင်ခြင်းကိုအဆုံးသတ်လိုက်သည်။ ထို့နောက် မိမိလုပ်သမျှကို မှင်သေသေနှင့်လိုက်ကြည့်နေသော ကောင်လေးကို ပြန်ကြည့်လိုက်ရင်း...

" ဆုံးဖြတ်ပြီးလား၊
Canada ကို သွားမလား၊
ငါနဲ့ ရှန်ဟိုင်းကိုလိုက်မလား"

ရီပေါ် က ခေါင်းတွင်တွင်ခါရင်း...

"ဦးးကိုကျတော် ဘယ်တော့မှနားလည်နိုင်မှာမဟုတ်ဘူး ၊ အချစ်ဦးးရဲ့နာရေးထက် Company ရုံးခွဲကပိုအရေးကြီးတယ်တယ့်..အဟက်ဟက်..ရယ်ရတယ်ဗျာ "

"အဟွန်းးး....
ဒါက မင်းပေးတယ့်အဖြေပေါ့၊
ကောင်းပြီ Canada ကိုသွားပါ၊
နောက်ပြီး..မင်းသိပါတယ် များသောအားဖြင့်ငါ့အတွေးတွေက သူများနဲ့မတူတတ်ဘူးလေ ....ဟုတ်ပြီ ဒါတွေမပြောတော့ဘူး၊
ရှောင်လုံကို Flightလက်မှတ်ဖြတ်ခိုင်းလိုက်မယ် ၊ Lion နဲ့လဲ ပျော်သလောက်နေခဲ့နော် ကြားလား..."

ရီပေါ် ကျောပိုးလွယ်အိတ်ထဲအဝတ်အစားတွေအတင်းထိုးထည့်ရင်းး..မျက်ရည်များလဲ တအိအိ။ ဟုတ်ပါတယ် ဦးးရင်ထဲဘာတွေဖြစ်နေမှန်း ကျတော် တကယ်ပဲမဖတ်တတ်သလို၊ ဦးးရဲ့ ဉာဏ်ရည်ကိုလဲ ကျတော့က မယှဥ်နိုင်ဘူးလေ။

ဒါပေမယ့် ကျတော်ကတော့ Canadaကိုသွားမှဖြစ်မယ်။ ဦးလေးယွမ်ရှုကို နောက်ဆုံးအကြိမ်လေးတော့ သွားကြည့်ပါရစေ။

"ငါ့ကိုစိတ်ဆိုးနေပြီထင်တယ်၊
အဝတ်တွေချည်း လှိမ့်ထည့်မနေနဲ့၊
ဒီလူသားကို နည်းနည်းလောက်ကြည့်ပါဦး"

ပေါ့ရွှတ်ရွှတ်စကားသံတွေက ရယ်မြူးရိပ်တွေပါနေတာ အသိသာကြီးပင်။ ထို့နောက် ကုန်းကုန်းကွကွ နဲ့ အလုပ်ရှုပ်နေသော သူ့ကို ဦးး က နောက်ကနေသိမ်းကျုံးပွေ့ဖက်လိုက်သည်။ ရီပေါ့် ကျောက မတ်ခနဲဖြစ်သွားတာအမှန်။

ဘာလို့လဲဆို ဦးးက ဘယ်တော့မှ အနောက်ကနေ မပွေ့ဖက်ဖူးဘူး၊ သူ့အတွေးများနှင့် ဗျာများနေတုန်း နားထဲတစ်သိမ့်သိမ့်တိုးဝင်လာတယ့် စကားသံက ကြားနေကျအတိုင်း ခပ်ရှရှ။

"တောင်းပန်ပါတယ် ကောင်လေး"

ဒီအချိန်မှာ ငြိမ်သက်လွန်းနေသူက ကျတော်ပင် ဖြစ်လိမ့်မည်၊ နားလည်ရခက်သော ဦးးကို ဘာကြောင့်တောင်းပန်နေလဲဟု ကျတော်မမေးချင်တော့ဘူး၊

....."Xiao Oo Oo".....{{ COMPLETED }}Tahanan ng mga kuwento. Tumuklas ngayon