Chapter (20)

12.6K 1.2K 74
                                    


#####Unicode#####

"မမ...ဖေး ဖေး ရန် "

ထို့အပြင် မလှမ်းမကမ်းမှာရပ်နေတယ့်ဦးးး..ရဲ့ညီမ ရှောင်းယွီလီကိုပါ တစ်ခါတည်းတွေ့လိုက်ရသည်။

"အင်း....လမ်းဘေးမှာထိုင်ပြီး
ဘာလုပ်နေတာလဲ ၊ ကြည့်စမ်း မျက်ရည်တွေနဲ့ပါလား "

ပြောပြောဆိုဆိုပင် သူ့ကိုမျက်ရည်သုတ်ပေးနေတာမို့..ရီပေါ်ရုန်းဖယ်လိုက်ပြီး..

"ဘာလို့..China ကိုပြန်လာတာလဲ ၊
ဦး ကိုပေးထားတယ့်ကတိကိုမေ့နေတာလား"

ဖေးရန်က ရှေ့မှလူပျိုပေါက်အရွယ်ကောင်ချောလေးကိုကြည့်ကာ ခေါင်းခါပြလိုက်သည်။ အရပ်ကြီးရှည်ပြီး ချောလာလိုက်တာ၊ ရှောင်းကျန့်လက်အောက်မှာ ထားလို့မဖြစ်ဘူး ၊ အမြန်ဆုံး China ကနေခေါ်ထုတ်သွားရမယ် ။

"ဖေးရန်..လမ်းဘေးမှာမသင့်တော်ဘူး ၊
ဝမ်ရီပေါ် ကိုတစ်နေရာရာ ခေါ်သွားရအောင်"

"အင်း...ယွီလီ ပြောတာမှန်တယ် ၊
ရီပေါ် အေးအေးဆေးဆေးစကားပြောရအောင်နော် "

ရီပေါ် ခေါင်းခါရုံနဲ့အားမရပဲ..ပါးစပ်ကလဲ အငြင်းဝါကျချည်းသာဆတ်တိုက်ထွက်လာတော့သည် ။

"ဟင့်အင်း..မလိုက်ဘူး ၊
ဘယ်ကိုမှ မလိုက်ဘူးနော် ၊
ကျွန်တော် က ဦးးနဲ့ပဲနေမှာ "

ထို့နောက် မျက်လုံးအစုံကလဲ ဂနာမငြိမ်ပါပဲပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ..

"မမ တို့ China ရောက်နေတာကို ဦး..သိသွားရင် အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်..၊ကျွန်တော့်အတွက် စိတ်မပူပါနဲ့ ၊ ခုဆိုအထက်တန်းပြီးလို့ Uniတောင်တတ်ရတော့မယ်"

ရှေ့မှာ...မျက်ရည်လည်ရွှဲနှင့်စကားပြောနေသော ရီပေါ့်ကိုကြည့်ကာ..ဖေးရန်ဘာဆတ်ပြောရမလဲ မသိတော့၊ ထိုအချိန်မှာပဲ
ယွီလီအသံက ဘောက်ဆတ်ဆတ်နဲ့...

"ကိုကို...ကနေဒါ မှာဆိုတာငါသိတယ်၊
သူမရှိတုန်း နင့်ကိုလာခေါ်တာ ၊ ငါ့သဘောအတိုင်းဆို China ကိုလုံးဝ ပြန်မလာချင်ဘူး ၊ ဖေးရန်က..ရီပေါ်၊ ရီပေါ်နဲ့ဖြစ်နေလို့သာ "

ရီပေါ် အားနာသည့်မျက်ဝန်းများနှင့်..မမဖေးရန်းကိုကြည့်ပြီး...

....."Xiao Oo Oo".....{{ COMPLETED }}Where stories live. Discover now