Chapter (22)

12.3K 1.2K 97
                                    


>>>>>>Unicode<<<<<<

"ကိုကြီး...Leo နဲ့ Game ဆော့ရအောင်လေ.."

"ဦးလေး..စာရင်းတွေလုပ်နေတယ်ကွာ ၊
ကလေးရဲ့ ကိုကိုနဲ့ဆော့လေ "

"ဟင့်အင်း..ကိုကိုက Leo နဲ့ဆော့ရင်း..
အမြဲအရှုံးပေးတယ်..အဲ့ဒါကြောင့်မဆော့ချင်ပါဘူး..."

Laptop...ပေါ်ပြေးလွှားနေတယ့် ရီပေါ့်လက်တွေက မရပ်တန့်သော်လည်း မျက်နှာချင်းဆိုင်မှ...လူနှစ်ယောက်ကိုတော့ အနည်းငယ်မော့ကြည့်လိုက်မိသည်။

ကျတော် နဲ့ ဦးလေးယွမ်ရှု က Company ရဲ့နှစ်ချုပ်စာရင်းတွေလုပ်နေတာလေ ၊ Leo
က ဘေးနားမှ တအီအီနဲ့..အရမ်းကိုနားညီးတာပဲ ၊

"ဟေ့ ဝမ်ရီပေါ်...ငါနဲ့..Game မဆော့ချင်ဘူးလား "

ရီပေါ်က ခေါင်းတွင်တွင်ခါရင်း...

"ငါ အလုပ်ကူနေတယ်လေ ၊
နောက်ပြီ Game လဲမဆော့တတ်ဘူး "

သူ့အပြောကို သဘောမတွေ့ပုံနှင့်..နှုတ်ခမ်းလေးစူကာ တစ်ဖက်သို့လှည့်သွားသည် ၊ ဟုတ်ပါတယ် ငါလက်ခံတယ်၊
မင်းက တကယ်ချစ်ဖို့ကောင်းတယ် Leo ။

"ယွမ် ရှု "

ခပ်သဲ့သဲ့ထွက်လာတယ့်ပြတ်ရှရှအသံလေး၊
မိမိနောက်ဘက်က မို့ ရီပေါ်ကျောက ဖျန်းခနဲဖြစ်ကာ...နောက်သို့လှည့်ကြည့်ချင်မိသည် ။သို့သော် စိတ်တွေကိုတင်းထားရင်း စကားအသွားအလာကိုသာ နားစွင့်နေလိုက်သည်။

"ကိုကို Leo ဘေးမှာလာထိုင် "

"အာ...ဘာလို့ဒီခုံမှာထိုင်မှာလဲ ၊
ရီပေါ့် ဘေးမှာထိုင်လိုက် ၊ နေရာအကျယ်ကြီးဟာကို..."

ရှောင်းကျန့်..က..ထိုနှစ်ယောက်ကိုကြည့်ကာ မျက်မှောင်ကြုံ့လိုက်ပြီး

"ငါ့မှာ မျက်လုံးပါတယ် ၊
ဘယ် နေရာလွတ်လဲ ကြည့်တတ်တယ် "

ထိုသို့ပြောပြီး...သိမ့်ခနဲတုန်သွားသော Sofaလေးနဲ့..၊ ခပ်သင်းသင်းရနေတယ့်..
Sakura ရနံနဲ့အတူ..မိမိဘေးကိုဝင်ထိုင်လိုက်သော ထိုလူသား ။

Sofaပေါ်ထုံးစံအတိုင်း ပျင်းတွဲတွဲမှီထိုင်ရင်းမွှေးပွ ဖိနပ်ကိုချွတ်ကာ ရှေ့ကသလင်းစားပွဲပေါ်ခြေထောက် တင်လိုက်တယ့်အထိ
ရီပေါ်ကြည့်နေဆဲ ၊

.....&quot;Xiao Oo Oo&quot;.....{{ COMPLETED }}Onde histórias criam vida. Descubra agora