Chapter (27)

12.7K 1.2K 89
                                    

#######Unicode#######

"မင်း...ရီပေါ်လေးကိုဘာလုပ်ထားတာလဲ..."

Computer ရှေ့ခြေချိတ်ထိုင်နေတယ့် ရှောင်းကျန့်ကတော့..ယွမ်ရှုစကားကိုအဖက်ပင်မလုပ် ၊

"ငါမေးတာကြားလား ၊
ခုက Company မှာနော် မင်း လုပ်တာတွေက အမြင်မတော်ဘူး ရှောင်းကျန့် "

အခုမှ...ကိုယ်တော်ချောက သူ့ကိုမျက်ခုံးပင့်ကြည့်ရင်း...

"ငါ...ဘာလုပ်ထားတာမြင်လဲ.."

မထီမဲ့မြင်ပုံစံနှင့်အခန်းအပြင်ကိုမေးဆတ်ပြသည်။ ဇီးညိုရောင်မှန်ပတ်ပတ်လည်ကာထားတယ့် CEO ရုံးခန်းကကြည့်လျှင်..အရာအားလုံကိုပြတ်သားစွာ မြင်နေရသည် ။ ရီပေါ် က..Office ခန့်ရှေ့မှာ
ကင်းမြှီးကောက် ထောင်နေခြင်း ။

ယွမ်ရှု...ဟင်းခနဲသက်ပြင်းချကာ ရှောင်းကျန့်ရှေ့က ခုံတွင်ဝင်ထိုင်လိုက်ရင်းးးး

"ဘာအပြစ်လုပ်မိလို့..အဲ့လိုကင်းမြီးကောက်ထောင်ခိုင်းထားတာလဲကွာ၊ဟိုတစ်ယောက်က...တစ်ကိုယ်လုံးတုန်နေပြီ.."

File တွဲတစ်တွဲနှင့်..အမောင်ယွမ်ရှုကိုပစ်ပေါက်လိုက်ရင်း ရှောင်းကျန့်က နေရာမှထရပ်ကာ...ခပ်မျှင်းမျှင်းရယ်သည်။ ပြီးမှ..
အပြင်ဘက်ကိုလက်ညှိုးငေါက်ငေါက်ထိုးရင်းး

"အေ....မနေ့ညက ငါဆိုင်ကယ်ခိုးစီးတယ် ၊ မဖြစ်သာလို့သူ့ကိုခေါ်သွားလိုက်ရတယ်...၊ဒါပေမယ့် သူငါ့ကိုဘာလုပ်တယ်ထင်လဲ.."

ယွမ်ရှုက..ခေါင်းခါပြရင်းး File တွဲကိုအလုပ်စားပွဲပေါ်ပြန်တင်လိုက်သည် ၊ ရှောင်းကျန့်ကဆတ်ပြီးးး

"သူ..ငါ့ကိုဖက်ထားတာကိုခွင့်လွှတ်လို့ရသေးတယ် ၊ ခုသူလုပ်လိုက်တာက တရားလွန်လွန်းတယ် ၊ ဖြစ်နိုင်ရင် သူ့လက်တွေကို ဓားနဲခုတ်ပစ်ချင်တာ "

ဒီကိစ္စက ပေါ့သေးသေးမဟုတ်မှန်း ယွမ်ရှုသိလိုက်သည် ၊ ထို့ကြောင့်နေရာမှထရပ်လိုက်ပြီးး..

"ရီပေါ်လေးးး က ငယ်သေးတယ်လေကွာ၊
နောက်ပြီးးးမင်းကိုလဲ တော်တော်ချစ်တာပါ"

"အဟက်...ချစ်တာလား..၊ မနေ့က ငါဆိုင်ကယ်မှောက်ပြီးသေမလို့ နည်းနည်းပဲလိုတယ် ၊ အဲ့ကောင်လေး ချစ်တတ်မှုကြောင့်လေ "

....."Xiao Oo Oo".....{{ COMPLETED }}Where stories live. Discover now