Chapter (35)

11.7K 1.2K 235
                                    


#####Unicode####

"မဖြစ်နိုင်တာ..."

"ဟုတ်တယ် ငါနားကြားမှားတာပါ "

ချစ်ရသူကြောင့်စိတ်မဖြောင့်ပဲ...အလုပ်ကစောစောပြန်လာတာလေ ၊ ကိုယ့်အခန်းထဲတောင် မသွားပဲ သူ့အခန်းထဲအရင်သွားလိုက်မိတယ်၊ ကြားလိုက်ရတယ့်စကားတွေက တစ်ခုခုတော့လွဲနေသလိုပဲ။

"Laptop ကိုပေးလိုက်တာ၊
မင်းကို ငိုစေချင်လို့မဟုတ်ဘူးးး "

"ငါ့အချစ်ဦးးးကယွမ်ရှုပေမယ့်...
သူ့ထက်မင်းက..."

"ကျတော့်ကိုအမိန့်ပေးရအောင်..
ဦးလေးယွမ်ရှု မဟုတ်ဘူးနော်၊
ကျတော်က ဦးးရဲ့ကောင်လေးး"

အချစ်ဦးးးး
အချစ်ဦးးးး
အချစ်ဦးးးးတယ့်...
မဖြစ်နိုင်တာ..။

ရှောင်းကျန့်အချစ်ဦးက ကိုယ်တယ့်လား ၊
ငါ အိပ်မက်မက်နေတာပဲနေမှာ...

ယွမ်ရှု စိတ်ကိုအနိုင်နိုင်ထိန်းရင်းး အောက်ထပ်သို့ ကယိမ်းကယိုင်ဆင်းလာမိတယ်။
နားထဲမှာ ရှောင်းကျန့်နှင့် ရီပေါ်လေးပြောစကားများသာ ထပ်တလဲလဲ ။

Laptop
Laptop
အဲ့ Laptop က ဘယ်သူ့ဆီမှာများလဲ?

ရှောင်းကျန့် ပေးလိုက်တာဆိုတော့...
ရီပေါ်လေးဆီမှာများး...???

အတွေးများနှင့်အတူ ခြေလှမ်းတွေက အခန်းတစ်ခုရှေ့မှာအဆုံးသတ်လိုက်သည်၊
ကြိမ်ဖန်များစွာ ဝင်ထွက်သွားလာခဲ့သော ထိုအခန်းထဲကို ယခုအချိန်မှာတော့ဝင်ထွက်ရမှာက အနည်းငယ်စိတ်ထင့်နေမိသည်။

"ကျွီ...."

အခန်းထဲဝင်ဝင်ချင်း တွေ့လိုက်ရတာက မွစာရွစာတတ်နေသော Tissueရွက်များ၊ အဆုပ်လိုက် အထွေးလိုက်ဖြစ်ကာ...တစ်ခန်းလုံးရှုပ်ပွနေသည်။

ခေါင်အုံး နဲ့ စောင်တွေကလဲ ကြမ်းပြင်ပေါ်ကျဆင်းနေကာ...အရာအားလုံးကမုန်တိုင်းဝင်မွှေသွားသလို ဇောက်ထိုးမိုးမျှော်၊

သို့ပေမယ့် စာကြည့်စားပွဲပေါ်သို့အကြည့်တစ်ချက် ဝေ့လိုက်စဥ်...

"ဟင် "

နီညိုရောင် Laptop လေးက မိမိအာရုံများကိုဖမ်းစားလျှက်ရှိသည်။
ဒါများလားးး???

....."Xiao Oo Oo".....{{ COMPLETED }}Where stories live. Discover now