Chapter (19)

12K 1.3K 38
                                    


///// Unicode /////

"အာ...ဦးလေးယွမ်ရှုအခန်းက ရှုပ်ပွနေတာပဲ ၊ ကျွန်တော်က အဲ့ File ကို ဘယ်လိုရှာရမှာလဲ.."

ပါးစပ်ကလဲပွစိပွစိရွတ်ကာ..Phone ပြောပြီး စွာတေးလန်နေတယ့် ဝမ်ရီပေါ် ။ တစ်ဖက်က ဘာပြန်ပြောလိုက်လဲမသိ ၊ ခေါင်းတစ်ဆတ်ဆတ်ညိမ့်ကာ Phone ချပစ်လိုက်သည် ။

ထို့နောက်..ဟိုလှန် ဒီလှန်နဲ့..ကုတင်အောက်ကိုမှောက်ကြည့်လိုက်သောအခါ..
အနက်ရောင်စာအုပ်လေးတစ်အုပ် ၊

"ဟင်...ဒီစာအုပ်က..ဘာလို့ကုတင်အောက်ရောက်နေတာလဲ..."

စာရွက်များကို တစ်ဖျပ်ဖျပ်လှန်ကြည့်လိုက်စဥ်..သိလိုက်ရသည်က..ဦးလေးယွမ်ရှုရဲ့
ဒိုင်ယာရီစာအုပ်ဆိုတာပင် ။

ကုတင်ပေါ်မှာ ကျကျနနထိုင်ရင်း..ပထမဆုံးစာမျက်နှာမှာတစ်ဆင့်..နောက်ထပ်တစ်ရွက် ၊ နောက်ထပ်တစ်ရွက်သို့..

ဦး နဲ့ စတွေ့ကြပုံနှင့် အလိုမတူပဲ..အစေခံဖြစ်လာပုံ ။
နောက်ပိုင်း သိလိုက်ရတာက...
သနားစရာ​ ကောင်းတယ့်သခင်လေးဘဝ၊ ကျတော့်အပေါ်အရမ်းကောင်းတယ့် သခင်လေးကို အမြဲစောင့်ရှောက်ပါ့မယ် ။

အသေးစိတ်မရေးထားပေမယ့် ဒီလောက်ကတော့ ကျွန်တော်ခန့်မှန်းလို့ရသည်။

^^သခင်လေးကိုအတော်ကြာမှ နားလည်နိုင်ခဲ့တယ် ၊ကတိသစ္စာပြုပါတယ် ၊ ကျွန်တော် အန်းယွမ်ရှုသည် ရှောင်းကျန့်ကို အသက်နဲ့လဲ၍ကာကွယ်ပါမည် ။^^^

ရီပေါ် ခေါင်းညိမ့်ပြီးထောက်ခံသမှုပြုလိုက်သည်။ ထို့နောက် စာရွက်နောက်တစ်ရွက်လှန်လိုက်စဥ်...ရင်ထဲအေးခနဲဖြစ်ကာ..အသားပင်တစ်ဆတ်ဆတ်တုန်လာသည်။

^^^တောင်းပန်ပါတယ်
သခင်လေးကို...မကာကွယ်နိုင်ခဲ့လို့တောင်းပန်ပါတယ် ၊
ကျတော့် မျက်စိရှေ့မှာ Rape ခံနေရတာ
မြင်ရက်သားနဲ့..မကာကွယ်ပေးနိုင်ခဲ့ဘူး

အရမ်းနာကျင်ခဲ့မှာပဲ ၊
၁၅ နှစ်အရွယ်မှာ..စိတ်ဒဏ်ရာရခဲ့မှာပဲ^^

Rape!!!
Rape!!!
Rape!!!

ရီပေါ့်ခေါင်းထဲ ထိုစကားလုံးကသာ ပဲ့တင်မြည်ဟီးလျက် ။
ဦး..က Rape ခံလိုက်ရတယ် ၊
ဘာလို့လဲ..ဒီလောက်ဖြူစင်တယ့် ဦး ကို အရောင်ဆိုးပစ်လိုက်တာ ဘယ်သူလဲ??

....."Xiao Oo Oo".....{{ COMPLETED }}Where stories live. Discover now